အခန်း ၄၉ အအေးနန်းဆောင်ထဲသို့ ပစ်ချခြင်း (အပိုင်း ၁)
မိန်းမစိုးများကဲ့သို့ ဖြစ်မနေသော သပ်ရပ်သည့်ခြေသံများကို နားထောင်ရင်း ချင်းဖုန့်က သူမလက်ကို သူမဗိုက်ပေါ် ညင်သာစွာ တင်လိုက်ပြီး သူမဘေးမှ ဖူလင်းကို တိုးတိုးလေး ပြောလိုက်သည်။ "ဘာတွေဖြစ်နေတာလဲ? သွားကြည့်လိုက်ပါဦး"
ဖူလင်းက ခေါင်းညိတ်ပြပြီး တံခါးကို ဖွင့်လိုက်ရာ ခြံဝင်းထဲတွင် သက်တော်စောင့်ဆယ်ယောက်ကျော် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူတို့ကို ခေါင်းဆောင်လာတာက သူပဲလား...?
အဲဒီညက သူမကို တားခဲ့တဲ့ သက်တော်စောင့် မဟုတ်ဖူးလား?
ပိန်သွယ်ကာ အရပ်ရှည်ရှည်နှင့် ဖြောင့်မတ်သော အသွင်အပြင်က ဘာမှ မထူးခြားနေသော်လည်း ဖူလင်းက ဘေးတိုက်မြင်ကွင်းမှပင် သူ့ကို မှတ်မိနေသည်။ သို့သော် ယနေ့တွင် သူက အနည်းငယ် ကွဲပြားနေပုံရသည်။ သူ၏ တင်းမာနေသော မျက်နှာပေါ်ရှိ သွယ်လျသော မျက်လုံးများက စူးရှလွန်းနေပြီး နားမလည်နိုင်သော ရောင်ဝါများ လျှံထွက်နေကာ သူ့မျက်နှာကို ကြည့်နေရုံဖြင့် အေးစက်သော လေများ တိုက်ခတ်နေသကဲ့သို့ ခံစားရစေသည်။ ဖူလင်းက အသက်ကို ပြင်းပြင်းရှူကာ တံခါးကို တွန်းဖွင့်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။ "မင်းတို့က ဘယ်သူတွေလဲ? ဘာလို့ ချင်ဖုန်းနန်းဆောင်ကို ရောက်လာတာလဲ?"
(T/N: မင်ဇယ် ဆိုတဲ့ နာမည်ကို မင်ကျယ်လို့ ပြောင်းရေးမယ်နော် အရှေ့တွေမှာလဲ ပြင်ထားပါတယ်၊ ဖတ်ရတာ အဆင်မပြေဖြစ်သွားရင် တောင်းပန်ပါတယ်)
မင်ကျယ်က မော့ကြည့်လာပြီး သူက ဖူလင်းကို ရှင်းရှင်းလင်းလင်း မြင်သွားခဲ့သည်။ သို့သော်လည်း သူက သူမကို ပထမဆုံးအကြိမ် တွေ့ဖူးသည့်အမူအရာမျိုးဖြစ်နေကာ သူ့မျက်နှာတွင် မည်သည့်ခံစားချက်မှ ရှိမနေပေ။ သူက အေးစက်စွာ ပြန်ပြောလာသည်။ "ဒီအရာရှိက သက်တော်စောင့်တပ်ရဲ့ တတိယတန်းစား တော်ဝင်သက်တော်စောင့် မင်ကျယ်ပါ၊ ဧကရာဇ်မင်းရဲ့အမှုတော်ကို ထမ်းဆောင်ဖို့ ဒီကို ရောက်နေတာပါ၊ မောင်းမဆောင်မှာရှိတဲ့ နန်းဆောင်တိုင်းကို ရှာဖွေဖို့ အမိန့်လက်ခံရရှိခဲ့ပါတယ်၊ ငါတို့ကို ခွင့်ပြုပေးဖို့ မျှော်လင့်ပါတယ်"
YOU ARE READING
တော်ဝင်မောင်းမဆောင်မှ ဝိုးတဝါး သံသယများ
Historical Fiction"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၃)" MM Translation "မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၃)"