Internship တစ်လတာဟာ ကိုယ့်အတွက် နေရက်တိုင်း ဝါဂွမ်းပုံတွေအပေါ် မျောနေမိသလိုပါပဲ။ ဒါကြောင့်လည်း နောက်ပိုင်း တိုးတိုက်ဒဏ်ရာတွေကို နာလို့နာမှန်းမသိတော့တာပေါ့။ ချစ်ခြင်းမေတ္တာဆိုတာဟာ ကိုယ့်အတွက်တော့ တစ်ဦးတစ်ယောက်ပိုင်ပါပဲ။ ချစ်ခြင်းတစ်ခုမှာ နှစ်ယောက်လိုတယ် ဆိုပေမယ့် ခံစားချက်ကတော့ သီးသန့်ဖြစ်တည်မှု့လို့ကိုယ်ထင်တယ်။ ဒီချစ်ခြင်းကို ကိုယ်ပိုင်တယ်။ အဲ့ဒီအဝါရောင်လေး သိသည်ဖြစ်စေ ဘယ်တုန်းကမှ မသိခဲ့သည်ဖြစ်စေ ဒီချစ်ခြင်းက ကိုယ့်အတွက်သီးသန့်ဖြစ်တည်လာခဲ့တာ။
မင်းချစ်ရမယ့်သူတွေ့သွားပြီဆိုတယ့်နေ့က ကိုယ်ဆွဲစုပ်ထားခဲ့တဲ့ ကြိုးတွေ ပထမဆုံး စပြက်သွားခဲ့တဲ့ အချိန်ပဲ။ ကိုယ်လက်လွှက်ဖို့ မဖြစ်မနေ စသင်ယူခဲ့ရတယ်။
အစကတည်းက တစ်ယောက်တည်း ကျစ်ခဲ့ရတယ့်ကြိုးမလား။ အဆုံးအထိ တစ်ယောက်တည်း ဖြည်ရဲရမှာပေါ့။ကိုယ်တို့ နောက်ဆုံးတွေ့ခဲ့တဲ့အချိန်ကို မှတ်မိလား။ ကိုယ်ကတော့ အသေးစိတ်ကအစမှတ်မိနေခဲ့တာ။ ကိုယ် Light Truck ပေါ်ကနေ နောက်ဆုံး မြင်ခဲ့ရတယ့် မြင်ကွင်းကို ခြောက်နှစ်ကျော်ကြာတဲ့အထိ ကိုယ် အကြိမ်ကြိမ် အိပ်မက်မက်နေမိတုန်းပဲ။ ဒါက ကိုယ်လက်မလွှက်နိုင်ခဲ့တဲ့ နောက်ဆုံးကြိုးတစ်ချောင်းပဲ။
YOU ARE READING
Redemption
Short Storyအဖြူရောင်နှင်းဆီတွေ ဒေစီပန်းတွေ အဝါရောင်တွေ မျတ်မှန်တလက် မခေါ်ဖြစ်တော့တဲ့ ဖုန်းနံပါတ်လေး မပို့ဖြစ်တော့တဲ့ မက်ဆေ့တွေ မပြောဖြစ်ခဲ့တဲ့စကားလုံးတွေအကြောင်း (အစလည်းမရှိသလို အဆုံးလည်းမရှိမယ့် ဗရုက်သုက်ခ ဇာက်လမ်းတစ်ပုဒ်ပါပဲ)