အခန်း ၄၂ ရှောင်ယု (အပိုင်း ၁)
ကျန့်ယန် နန်းတော်၏ဘေးဘက်ခန်းမတွင်....
နံနက်ခင်းက စောနေသေးပြီး စစ်ရှီအချိန် (ခေတ်သစ်အချိန်- နံနက် ၉ နာရီမှ ၁၁ နာရီအထိ) မရောက်သေးသော်လည်း နေရောင်ခြည်က တောက်ပနေသည်။ ခန်းမအတွင်းမှ ပြတင်းပေါက်များနှင့် တံခါးများကို လေညင်းများ ဝင်ရောက်နိုင်ရန် ဖွင့်ထားပြီး လက်ဖက်ရည်မျိုးစုံ၏ ရနံ့များနှင့်အတူ လေထုက လန်းဆန်းနေသည်။
ကျန့်ယန်နန်းတော်ရှိ လက်ဖက်ရည်ခန်းမက နန်းတော်တွင် အကြီးဆုံးဖြစ်ပြီး လက်ဖက်ရည်ကောင်းများအားလုံးကို ဤနေရာတွင် စုစည်းထားသည်။ ရှောင်ယုကိုယ်တိုင် လေ့ကျင့်သင်ကြားပေးထားသော နန်းတွင်းအစေခံ အနည်းငယ်မှ လွဲပြီး ဤနေရာသို့ အခြားအစေခံများကို ဝင်ရောက်ခွင့် ပြုထားခြင်း မရှိပေ။
ထိုအချိန်တွင် အခန်းတံခါး ပွင့်လာပြီး သွယ်လျသောရုပ်သွင်တစ်ခု၏ ဦးခေါင်းလေး ပေါ်လာကာ သူမကို ခေါင်းညိတ်ပြပြီး တိုးတိုးလေး ခေါ်လိုက်သည်။ "ရှောင်ကျဲကျဲ"
ထိုအချိန်တွင် ရှောင်ယုက အသစ်ရောက်လာသော လက်ဖက်ရွက်များကို ခွဲရန် စီစဥ်နေခြင်းဖြစ်သည်။ သူမ မော့ကြည့်သောအခါတွင် လန်အာ၏ကြည်နူးစရာ အပြုံးမျက်နှာလေးကို တွေ့လိုက်ရသည်။ လန်အာက နန်းတော်ထဲဝင်ကတည်းက သူမအနားတွင် အလုပ်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဤမိန်းကလေးက လျင်မြန်သော ဉာဏ်ရည်ရှိပြီး လိုက်လျောညီထွေ နေတက်သော်လည်း တစ်ခါတစ်ရံတွင် သူမက စိတ်မရှည်တတ်သောကြောင့် ဧကရာဇ်မင်းမြတ်အား အမှုတော်ထမ်းဆောင်ရန် မသင့်လျော်ပေ။ ထို့ကြောင့် နောက်ပိုင်းတွင် ကောင်းကျင်းက သူမကို ချင်းဖုန့်ဆီ ပို့လိုက်ခြင်း ဖြစ်သည်။ သူမ အဲဒီကိုသွားနေတာ လအတော်ကြာပေမယ့် လာလည်တာကို မတွေ့ရဘူး။ ဒီနေ့ မနက် အစောကြီး ပြေးလာတာက သူမမှာ မေးစရာ တစ်ခုခု ရှိလို့ ဖြစ်မယ်။ ရှောင်ယုက အဲဒါကို တွပ်ကပ်မနေတော့ဘဲ အပြုံးဖြင် "လာ၊ မင်း ဒီနေ့ တာဝန်ကျတဲ့ အလှည့်မဟုတ်ဘူးပေါ့၊ အချိန်ရလို့ ငါ့ကို လာတွေ့တာလား?"
လန်အာက အိမ်ထဲသို့ ခြေပစ်လက်ပစ် ပြေးဝင်လာပြီး တိုးတိုးလေး ပြန်ပြောလိုက်သည်။ "မဟုတ်ပါဘူး..."
YOU ARE READING
တော်ဝင်မောင်းမဆောင်မှ ဝိုးတဝါး သံသယများ
Historical Fiction"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၃)" MM Translation "မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၃)"