~~~~~~~~~~~~
သူအိပ်ရာထဲ မှာ နဖူးပေါ်လက်တင်ရင်း သေချာစဉ်းစားနေသည်။
တကယ်ဘဲ သူက ရွံစရာလား
တစ်ခါလဲ သတ်သေဖို့ လုပ်တဲ့အထိဖြစ်ပြီးပြီမလား။
ဒီလောက်ဆို သူကရှေ့ဆက်မတိုးသင့်တော့ဘူးမလား။
သူ့နေရာသူ သိပြီး စောင့်ရှောက်ထားတဲ့ညီတစ်ယောက်လို မွေးစားထားတဲ့ ညီတစ်ယောက်လို ဘဲ အလိုက်သင့်လေး နေတော့တာကောင်းမယ်။( ဒေါက် ဒေါက် ဒေါက် )
" အပြင်မှာ အိုထယ်ဆော ဆိုတဲ့သူရောက်နေတယ် ဆောမြောင်ဟို "
သူတံခါးဖွင့်တော့ တံခါးရှေ့မှာမသွားသေးဘဲရပ်နေတဲ့သူကို တစ်ချက်ကြည့်မိသည်။
ကိုကို ကအမြဲ ဘာမှမဖြစ်သလို နေနိုင်တာ ကို သူတကယ် အံ့သြလို့မဆုံးဘူး။
သူကသာ လေးလေးနက်နက်တွေ ခံစားနေတာ ကိုကိုကတော့ အေးအေးလူလူပင်။
သူအပြင်ကိုထွက်လာတော့ နောက်ကနေ ထပ်ကြပ်မကွာပါလာသည်။" ထယ်ဆော... အစောကြီးပါလို့လဲ "
"ကျောင်းမှာ အလှူရှိတယ်တဲ့ မြောင်ဟို အဲ့တာ ဆရာမတွေက လာနိုင်မှာမဟုတ်ဘူး
စာအသင်ရမဲ့ တူတူ ပန်းချီပြခန်း သွားကြမလားလို့ "သူ ထယ်ဆော ဘေးကို ဝင်ထိုင်တော့ သူရှေ့တည့်တည့်မှာ ကိုကို ကပါ ဝင်ထိုင်သည်။
" သွားမလို့လား ထယ်ဆော "
" အေးပေါ့ အကောင်ပေါက်ရာ "
နာမည်ကို ထူးထူးဆန်းဆန်း ခေါ်တဲ့အပြင်
ဆံပင်တွေကို ဆွဲဖွနေတဲ့ ကောင်ကြောင့်
မွန်းဂျွန် ရှုးရှုး ရှဲရှဲ ဖြစ်လာသည်။" သွားမယ်လို့ "
ဟိုကောင်က အတင်းပူဆာနေတော့ ကလေးလေးက သူ့ကို မဝံ့မရဲကြည့်လာသည်။
ကလေးလေး လက်ကို ဆွဲထားတဲ့ သူ့ကိုလည်း ကြည့်မရတာရော ညစ်ချင်တဲ့စိတ်သေးသေးလေးကြောင့်နဲ့ရော။
" မသွားရဘူး "
သူ့ကို ကြည့်နေတဲ့ မျက်ဝန်းတွေဟာ စိတ်ပျက်ခြင်းတွေနဲ့ ဖုံးလွှမ်းသွားတယ်
သူတကယ်ဘဲသွားချင်နေတာလား" ကျွန်တော်သွားချင်တယ် "
" မသွားရဘူး "
" ကျွန်တော် သူ့ကို စောင့်ရှောက်ပါ့မယ် "