သူပထမဆုံးအကြိမ်နမ်းခြင်းတော့ မဟုတ်ပေမယ့် မြောင်ဟို့ ကို ခိုးနမ်းခဲ့တဲ့အချိန်အတွင်းမှာ ဒီတစ်ကြိမ်ကျမှ မိသွားတာ။
ဒါမှမဟုတ်ကလေးလေးက သူခိုးနမ်းခဲ့တဲ့ အကြိမ်ပေါင်းမနည်းကိုသိသွားတာလား။
သူတကယ်ဘဲ မတွေးတတ်တော့ဘူး သူ့ခေါင်းထဲရော ဉီးနှောက်ထဲပါ ဗလာသက်သက်ဖြစ်နေသည်။" သား မွန်းဂျွန် စားလေ ဟင်းတွေ အေးကုန်တော့မယ် "
ဘေးကနေတစ်ချိန်လုံးရပ်ကြည့်နေတဲ့ ဒေါ်ကြီးကိုသူပြုံးပြလိုက်ပြီး။
" ဒေါ်ကြီး ထိုင်ပါဉီး "
" ဘာလို အပ်လို့လဲ သား "
" မဟုတ်ပါဘူး ဒီအတိုင်းထိုင်ပါဉီး "
" အေး သားလေးပြော "
"သား မြောင်ဟို ကိုချစ်တယ်ဆိုတာ သိတယ်မလား "
" သိတာပေါ့ကွယ် "
" အင်းးး ဒါပေမယ့် အခုသူ့ကို စာမေးပွဲပြီးတာနဲ့ နိုင်ငံခြားကို ပို့တော့မယ် "
" ဒီမှာလဲ ကျောင်းထားလို့ရနေတာ ဘဲသားရယ် အကောင်းဆုံး ကျောင်းတွေရှာလို့ရပါတယ် "
" သူ့ကို ပို့မှ ရမှာ ဒေါ်ကြီး "
" သားရယ် ကိုယ်ရေးကိုယ်တာ ခံစားချက်တွေ နဲ့မရောထွေး ပါနဲ့ကွယ် "
သူဆတ်ကနဲမော့ကြည့်တော့ ဒေါ်ကြီးက သူအကုန်သိနားလည်ပါတယ်ပေါ့လေ ။
" သားငယ်လေး သိရင်လည်း သွားမှာမဟုတ်ဘူး သား "
" မပြောနဲ့ ဒေါ်ကြီး မသွားမရအခြေအနေမှ သူ့ကိုပြောမယ် "
"အခုတောင် အဆင်မပြေကြတာ ပိုဆိုးကြမယ်နော် "
" ဒေါ်ကြီးရယ် ကလေးလေးက သားကိုအရမ်းမုန်းနေပြီလား မသိပါဘူး "
သူ့ကိုဖတ်တွယ်လာပြီး ငိုကြွေးနေတဲ့ မွန်းဂျွန်ကို သူမ ခပ်ဖွဖွသာပုတ်ပေးမိသည်။
ငယ်ငယ်လေး ထဲ က ထိန်းကျောင်းလာခဲ့တဲ့ ကလေးတွေ အကြောင်းကို သူသိပ်နားလည်တာပေါ့။
တစ်ယောက်နဲ့ တစ် ယောက် ဘယ်လောက်တောင် ချစ်ကြလဲ။
မလိုလားအပ်တဲ့အရာတြွေဖစ်လာမှာကို
သူမသိပ်ကြောက်တာဘဲ။
ဒါပေမယ့် ဖြစ်ဖို့ကံပါလာရင် ဖြစ်ကိုဖြစ်ရမှာမို့သူမ တကယ်ကိုမတတ်နိုင်။