ep 8(Unicode)

23.6K 668 24
                                    


.....................................

ရှိန်ထက် ကုမ္ပဏီအောင်မြင်လာသည်နှင့်အမျှ
သူ ပြုလုပ်သည့် စိန်ထည်ပြပွဲကြီးသည်လည်း  
ပိုမိုစည်ကားလာသည်။ စိန်ထည်ပြပွဲကြီးဆီကို မြန်မာနိုင်ငံက စီးပွားရေးသမားများတင်မက နိုင်ငံတကာက စီးပွားရေးသမား‌များကပါ
တက်ရောက်လာကြသည်။ ရှိန်ထက်
ပြုလုပ်ကျင်းပသော စိန်ထည်ပြပွဲကြီးသည် 
မြန်မာနိုင်ငံက စီးပွားရေးသမားများအတွက်
လုပ်ငန်းအခွင့်အလမ်းများ ဖြစ်ပေါ်လာစေသည်။

စိန်ထည်ပြပွဲကြီးဆီကို တက်ရောက်လာကြသော
နိုင်ငံတကာစီးပွားရေးသမားများသည်
သူတို့သဘောကျသော မြန်မာနိုင်ငံက
စီးပွားရေးသမားများနှင့် မဟာမိတ်ဖွဲ့ပြီး
လုပ်ငန်းတွဲလုပ်ရန် စာချုပ် ချုပ်ဆိုလေ့ရှိသည်။
ထိုအခွင့်ရေးမျိုးကို မြန်မာနိုင်ငံက
စီးပွားရေးသမားများ ရကြရအောင်ပဲ 
ရှိန်ထက်မှ တမင်တကာ စိန်ထည်ပြပွဲကြီး
ပြုလုပ်ပေးခြင်းဖြစ်သည်။
ရှိန်ထက်လို ဉာဏ်ရည်ကောင်းသည့်  
စီးပွားရေးသမားကို မုန်းတဲ့သူရယ်လို့
ပြည်တွင်း ပြည်ပမှာပင် တစ်ယောက်မှမရှိချေ။ 
ရှိန်ထက်က လူတိုင်းနှင့်လိုက်ရောညီထွေစွာ
ပြောဆိုဆက်ဆံတက်သော 
စီးပွားရေးသမားတစ်ယောက် ဖြစ်သည်။
ရှိန်ထက်လို တည်ကြည်ခန့်ငြားသော
စီးပွားရေးသမားတစ်ယောက်ကို
လက်ထပ်ချင်ကြသည့် သဌေးသား၊
သဌေးသမီးများမှာ ဝိုင်းဝိုင်းလည်နေသည်။
ဒါပေမဲ့ သူတို့တွေကို ရှိန်ထက်
လှည့်တောင်မကြည့်ခဲ့။ သူ့ရင်ထဲမှာ
မိုးတိမ်ယံဆိုတဲ့လူသားလေးက
အရင်ကကော အခုပါ နေရာယူထားဆဲ။

စိန်ထည်ပြပွဲကြီး၏ ခန်းမဆောင်ကြီးထဲတွင်
အနယ်နယ်အရပ်ရပ်မှ ဖိတ်ကြားထားသည့်  စီးပွားရေးသမားများ တစ်စတစ်စနှင့်
အားလုံးနီးပါး ရောက်လာကြပြီ။
တချို့စီးပွားရေးသမားများက
သူတို့၏ မိတ်ဆွေများနှင့် လက်ဆွဲနှုတ်ဆက်ပြီး စီးပွားရေးအကြောင်းအရာများနှင့်
စိန်ထည်ပြပွဲကြီးနှင့်ပတ်သက်သော အကြောင်းအရာများကို စကားစမြည်
ပြောဆိုနေကြသည်။ တချို့ကကျတော့
တစ်ယောက်ကိုတစ်ယောက်
မိတ်ဆွေအသစ်များနှင့် မိတ်ဆက်ပေးပြီး
စီးပွားရေးလုပ်ငန်းနှင့်ပတ်သက်သည့်
အကြောင်းအရာများကို တိုင်ပင်
ဆွေးနွေးနေကြသည်။
ထိုစီးပွားရေးသမားများနှင့် တိမ်ယံ
စကားလက်စသတ်ပြီး
ထိုလူအုပ်များကြားထဲကနေ
ရုန်းထွက်လာခဲ့လိုက်သည်။
တစ်ယောက်တည်း
လွတ်လွတ်လပ်လပ်နေချင်၍
အခြားလူများနှင့်ဝေးရာ
ခပ်လှမ်းလှမ်းတစ်နေရာဆီသို့
ထွက်လာခဲ့သည်။

I Hate You Where stories live. Discover now