part_14

866 49 12
                                    

ရွှေတောင်ကြားမှာ အိမ်ယာမြေအရောင်းပွဲတော်လုပ်မည့်ကိစ္စတွင်မင်းသမီးငှားရန်လိုအပ်လေသည်။နေယံခေါင်သည်သူ့တပည့်အားလတ်တလောhitဖြစ်နေတဲ့မင်းသမီးကိုငှားရန်ပြောလေသည်။ထို့နောက်hitဖြစ်နေတဲ့မင်းသမီးနာမည်အား ပြောခိုင်းလေသည်။ နေယံခေါင်တပည့်သည် ဖုန်းscreenအားကြည့်ကာ

"မေပိုးအိမ်"
"မယ်သင်းရနံ့"
"ခင်ဇာချည်"
"သင်ဇာကျော်ကျော်"
"မေဘယ်လ်ကာချယ်"
"ပန်းချီပိုးအိမ်"
"မြလေးသွယ်"

"ဒါတွေပါဘောစ့်"

"မေဘယ်လ်ကာချယ် ကိုငှားလိုက်။ပြီးရင်သူတောင်းသလောက်ပေးလိုက် အဆင်ပြေရင်ညနေငါနဲ့လာဆွေးနွေးဖို့ပါပြောလိုက်"

"ဟုတ်ကဲ့ ဘောစ့်"

နေယံခေါင်ကတော့ သဘောကြီးကျနေလေသည်။
*ဒေါနမင်းရဲ့အချစ်ဉီးက ဒီလောက်တောင်နာမည်ကြီးနေပြီပေါ့ ဟားဟား*

ညနေဒေါနရုံးအဆင်းအပြန်

ကြာညိုသည်ဒေါနအခန်းထဲတွင်အကျင်္ီများကိုသပ်သပ်ရပ်ရပ်ခေါက်နေသည်။ဒေါနအိမ်ပြန်ရောက်တော့ကြာညို့အားမီးဖိုခန်းထဲတွင်ဝေ့ဝဲရှာမိသည်။မတွေ့တော့အိမ်ပေါတက်လာခဲ့သည်။တံခါးအားဖွင့်လိုက်တော့ ဗီဒိုရှေ့တွင်ကျကျနန ထိုင်ကာအ၀တ်ခေါက်နေသောကြာညို့ကိုတွေ့လေတော့

"မနက်ကဆေးသေချာသောက်ရဲ့လား"

အခုမှတွေ့တယ်နဲ့တူပါတယ်

"ဟုတ် သောက်ပါတယ်အကို"

"အင်း ငါရေချိုးတော့မယ်"

ဒေါနရေချိုးခန်းထဲ၀င်တော့ကြာညိုကဆက်ပြီးအ၀တ်ခေါက်နေလိုက်သည်။

ရေချိုးခန်းထဲတွင် ရေကျသံလေးတွေကသံစဉ်လိုပေ။ရေပန်းပေါကကျလာတဲ့ရေတွေကိုခံယူရင်းစဉ်းစားမိသည်။
ငါမနေ့က အတင်းလုပ်လိုက်တာမှန်ရဲ့လားပေါ့။

ဒေါနအနေနဲ့အရင်ကနဲ့ကြာညို့ကိုဇနီးမယားအိမ်သူအိမ်သားတစ်ယောက်လိုသဘောမထားပေးနိုင်ပေမဲ့ ယခုတွင်တော့ကောင်လေးကသနားစရာကောင်းတယ်။ဆူလိုက်တိုင်းဘာတစ်ခွန်းမှပြန်မပြောပေဘူး။ခက်တာကကိုယ်ကသူ့အဖေကိုသူ့အရှေ့မှာသတ်ထားတာ။
စိတ်တော့နာနေမှာပဲ။အရင်ကလိုတင်းတင်းမာနာမဆက်ဆံတော့ဘဲနွေးနွေးထွေးထွေးနေပေးပါ့မယ်။
ပြန်မချစ်ပေးနိုင်ပေမဲ့ လိုအပ်တိုင်းရှိနေပေမယ်။





ကြာငယ်ရဲ့ပုံပြင် Where stories live. Discover now