ခြံထဲသို့ဝင်လာသည့် မာန့်ကားသံကြောင့်အိမ်ရှိလူတွေ ပြူထွက် ပြေးထွက်လာကြသည်။ မာန်အိမ်တော်ကထွက်သွားတာ ၇ရက်ရြှိပီး Villa မှာလည်းမရှိတာကြောင့် မာန်ဘယ်သွားလဲဆိုတာ သိချင်နေကြသည်။
shirt အင်္ကျီလက်ရှည်ကိုဖြစ်သလိုခေါက်တင်ထားပြီး ရင်ဘက်ကြယ်သီးကဟပြဲဖြင့် ဆံပင်ကလည်းမသေမသပ်ခပ်ပွပြွဖစ်နေသည်။ သို့ပေမယ့် မာန့်ဆီမှာကြည့်လို့မကောင်းတဲ့အချိန်ဆိုတာလုံးဝမရှိ။ ဖရိုဖရဲပုံစံဖြင့်တောင် မိမိုက်နေတာဖြစ်သည်။
"မာန်...ဘယ်ကပြန်လာတာလဲ။"
မာန်ကရတီ့ကို တစ်ချက်ကြည့်ပြီး
"ကိုယ်သွားတဲ့နေရာမှန်သမျှ ဘာလို့သိချင်နေတာလဲ။"
မာန်ကအိမ်ထဲသို့ဝင်သွားပြီး မကြာခင်အဝတ်စားတွေလဲကာထွက်လာသည်။ မာန့်ပုံစံကလိုတာထက်ကိုပိုပြီး ပြင်ဆင်ထားတာကြောင့်တော်တော်လေးကြည့်လို့ကောင်းနေ၏။ မာန့်အနောက်က အလုပ်သမားတစ်ယောက်ကလည်းသူ့ လက်ဆွဲအိတ်ကိုဆွဲပြီး ကားပေါ်တင်လိုက်သည်။
"သား ဘယ်သွားမလို့လဲ။ "
"ကျွန်တော်တစ်နေရာသွားမလို့။"
"ဒီကြားထဲ သားကိုလာရှာတဲ့ သူတွေရှိတယ်။"
"ကျွန်တော်ဆက်သွယ်လိုက်မယ်မေမေ။"
မာန်က မေမေ့ကိုနှုတ်ဆက်ပြီး ကားမောင်းထွက်လာခဲ့သည်။ မေမေကရတီ့ကိုချွေးမအဖြစ် လျှာထားတယ်ဆိုတာသူမသိ။ အရင်ကမိတ်ဆွေလိုပဲ နေခဲ့ပေမယ့်။ ခွန်းနှင့်ပတ်သတ်တော့မှ အသဲသန်ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာကြည့်ရဆိုး၏။
မာန့်စိတ်ရှုပ်ထွေးမှုတွေက ခွန်း၏အခန်း ရှေ့မှာပဲပျောက်သွားရသည်။
"တီးတောင်..."
ဘဲလ်တီးလိုက်သည်နှင့် တံခါးကပွင့်လာပြီး ဘောင်းဘီတိုလေးနှင့်ခွန်းက ထွက်လာကာသူ့အားဖက်ထားလေ၏။
"ကိုကို ဘာလို့ပြန်လာတာလဲ။ အလုပ်ရှိတယ်ဆို။"
"ခွန်းကိုစိတ်မချဘူး။"
"နှစ်ရက်လုံးလုံးဂရုစိုက်ပေးထားတာပဲ ခွန်းအဆင်ပြေပါတယ်။"