A/N............18 Warningပါသည့်
partမို့ အသက်ပြည့်သူတွေသာ
ဖတ်ကြရန် သတိပေးပါရစေ။..................................
အချိန်အားဖြင့် ည11နာရီခွဲခန့်
ရှိပြီးဖြစ်သည်။ အိပ်ခန်းအတွင်းရှိ
မှန်ပြတင်းပေါက်များအားလုံးကို
ဖွင့်လှစ်ထား၍ အခန်းအတွင်းထဲသို့
လေတဖြူးဖြူးတိုးဝေ့လျက်ရှိ၏။
သဘာဝလေအေးများနှင့်
ပြည့်နှက်နေသော အခန်းထဲက
နူးညံ့အိစက်သည့် အိပ်ရာပေါ်တွင်
တိမ်ယံတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက်
အိပ်မောချနေသည်။ စိတ်ညစ်စရာများကို
ဦးနှောက်ထဲမှ ခဏဘေးဖယ်ထုတ်ထားရင်း
ပင်ပန်းနွမ်းလျနေသော ခန္ဓာကိုယ်လေးကို
အေးချမ်းစွာအနားယူလေသည်။ကိုကို ဖုန်းလာနေတယ် ......
ကိုကိုရေ ဖုန်းလာနေတယ်နော်.....
ကိုကို ဖုန်းလာနေတယ်လေ......
ကိုကို ဖုန်းလာနေတယ်ဆို တောက်!!
မုန်းချင်စရာကြီး ခေါ်မကြားအော်မကြား...ကုတင်ဘေး စားပွဲခုံပေါ်က
ဖုန်းသံမြည်းနေသော်လည်း
တည်ငြိမ်အေးချမ်းစွာအိပ်စက်နေသော
တိမ်ယံ ကိုယ်လေးမှာ တုတ်တုတ်မျှမလှုပ်။ကိုကို ဖုန်းလာနေတယ်.......
ကိုကိုရေ ဖုန်းလာနေတယ်နော်.......
ကိုကို ဖုန်းလာနေတယ်လေ.......ဖုန်းနောက်တစ်ကြိမ်ဝင်လာပြန်တော့......
"အင့်!"
ဖုန်းထဲမှမီးအလင်းရောင်နှင့်
ကျယ်လောင်သောဖုန်းRingtoneသံကြောင့်
အိပ်ယာပေါ်က တိမ်ယံကိုယ်လေးမှာ
လှုပ်စိလှုပ်စိဖြစ်လာခဲ့သည်။ မှေးစင်နေသည့်
မျက်လုံးတို့ကို လက်နှစ်ဖက်နှင့်
အသာပွတ်သပ်ပြီး အသံမြည်နေသော
စားပွဲခုံပေါ်ကဖုန်းကို လိုက်လံစမ်းယူလိုက်သည်။ကိုကို ဖုန်းလာနေတယ်......
ကိုကိုရေ ဖုန်းလာနေတယ်နော်......
ကိုကို တီး!ဖုန်း screenမှာ ပေါ်နေသော
အဝင်နံပါတ်ကို တိမ်ယံ မျက်မှန်အကြည်တပ်ပြီး
သေချာကြည့်ကြည့်သည်။
ဖုန်းscreenမှာ ပေါ်နေသည့် နံပါတ်က
တစ်ခါမှ ဖုန်းပြောဆိုခြင်းမရှိသည့်
ဖုန်းနံပါတ်စိမ်း ဖြစ်နေသည်။
ထို့ကြောင့် ချက်ချင်း ဖုန်းချလိုက်သည်။
သူစိမ်းဖုန်းနံပါက်ဆို ကိုင်မှာမဟုတ်။
အခုလိုအချိန်မှာဆက်တဲ့ဖုန်းဆို ပိုဆိုး။
YOU ARE READING
I Hate You
FantasyWarning: 18 ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။