Chapter 60
အတိတ်ဘဝက ရှဲ့ယွင်နန်၏ ခွန်အားကို တစ်ဖြည်းဖြည်း တိုးတက်လာစေခဲ့သည့် အံ့ဖွယ်ဆေးပင်မှာ လွန်စွာ သေးငယ်လှသည်။
၎င်းက ဟုန်ယဲ့မြို့တော် အစွန်အဖျားရှိ စိုက်ခင်း၏ ခြံစည်းရိုးဘေးတွင် ပေါက်နေကာ ပေါင်းမြက်များနှင့် ထပ်တူညီလုနီးပါးပင်။
ထိုအချိန်က အံ့ဖွယ်သားရဲများကို နှိမ်နင်းရန် လူတစ်စုကို ဦးဆောင်ကာ ထွက်လာသည့် ရှဲ့ယွင်နန်က ရင့်မှည့်နေသည့် ထိုအပင်ကို အချိန်ကိုက် တွေ့လိုက်ရ၍သာ လက်ဝယ်ရရှိခဲ့ခြင်း ဖြစ်သည်။
ပြန်လည်မွေးဖွားလာပြီးနောက် လျောင်မုယဲ့သည် ထိုအပင်ကို အရယူမည်ဟု စိတ်ပိုင်းဖြတ်ထား၏။
သို့သော် ယခုမူ ထိုအပင် မရှိတော့။ ခပ်သေးသေး တွင်းပေါက်တစ်ပေါက်သာ ကျန်ရစ်ခဲ့တော့သည်။
မရင့်မှည့်သေးသည့် အံ့ဖွယ်ဆေးပင် ဖြစ်သည့်အလျောက် မည်သူကမှ စိတ်ဝင်စားလိမ့်မည် မဟုတ်ချေ။ ဂရုတစိုက် တူးထားသည့် အရိပ်အယောင်ကိုလည်း မတွေ့ရ၊ သာမန်ကာလျှံကာ ဆွဲနှုတ်ထားခြင်း ဖြစ်ရာ အနီးနားရှိ ကလေးများက ထိုအပင်ကို မြက်ပင်လှလှလေးတစ်ပင်ဟု ထင်မိ၍ ဆွဲနှုတ်သွားခြင်း ဖြစ်ပေလိမ့်မည်။
ဒါက အံ့ဖွယ်အပင်ကွ!!!! အံ့ဖွယ်အပင်ကိုတောင်မှ အိုးပြောင်းစိုက်ရင် သေနိုင်ချေတွေ အများကြီး ရှိတဲ့ အံ့ဖွယ်အပင်မျိုးလို့ ...
ဒီတိုင်း ဆွဲနှုတ်သွားလို့ကတော့ သေချာပေါက်ကို ညှိုးနွမ်းခြောက်သွေ့သွားတော့မှာ ...
ထိုအခိုက်အတန့်၌ သူသည် အနီးအနားရှိ ကလေးများထံမှ အံ့ဖွယ်ဆေးပင်ကို ပြန်လုယူချင်စိတ်များ ဖြစ်ပေါ်လာတော့သည်။
ဤစိုက်ခင်းအနီးတွင် ကျူးကျော်ရပ်ကွက်တစ်ခု ရှိနေသည်။
ကြုံရာကျပန်း တည်ဆောက်ထားသည့် ကျူးကျော်အိမ်များတွင် ရေမရှိ၊ လျှပ်စစ်မီးလည်း မရှိ၊ ထိုအိမ်ထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ရွံရှာဖွယ် အောက်သိုးသိုးအနံ့တစ်ခုကို ရရှိပေလိမ့်မည်။
လူသားများသည် များသောအားဖြင့် အလွန်အကျွံ မလုပ်ကြ။ မကောင်းသည့် အရာကိုမှ စွဲလမ်းတတ်သည့် လူများလည်း အများအပြား ရှိကြပေသည်။
YOU ARE READING
[COMPLETED]ငါ့ရဲ့ နူးညံ့တဲ့ချစ်ဇနီးလေးဘယ်ရောက်သွားတာလဲ
RomanceTitle - Description မှာရှိပါတယ် Zawgyi ,သမားများက tele channel မှာ pdf file ရှိ ပါတယ် Translations novel All credit to Original Author ❤️ Only unicode 🥺 let's go