Chapter 30

1K 91 4
                                    

အခန်း ၃၀ သက်တော်စောင့်မင်ဇယ်

"သတိထားပါ"

နက်ရှိုင်းသော ယောက်ျားသံတစ်သံက သူမ၏နားထဲသို့ တိုးဝင်လာပြီး လက်ကြီးတစ်ဖက်က သူမ၏လက်မောင်းကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။ ထိုအင်အား၏အကူအညီဖြင့် ချင်းဖုန့်က မတ်မတ် ပြန်ရပ်နိုင်သွားပြီး သူမလက်မောင်းမှ အင်အားကလည်း ပြန်လည်ပြေလျော့သွားသည်။ ထိုအချိန်မှပင် ချင်းဖုန့်က နောက်ပြန်လှည့်ကြည့်လိုက်ရာ သူမနှင့် ရင်းနှီးနေသော အေးစက်သည့် မျက်လုံးတစ်စုံကို တွေ့လိုက်ရသည်။

အဲ့ဒီမျက်လုံးတစ်စုံ.... သူပဲလား??! သူမအတွက် အခက်ခဲဆုံးညမှာ ကူညီပေးခဲ့တဲ့ အမျိုးသားရဲ့ မျက်လုံးတွေကို သူမ မှတ်မိပါတယ်။

ထိုလူ၏ လျစ်လျူရှုတက်ပုံရသော မျက်လုံးများထဲတွင်လည်း အံ့အားသင့်နေသည့် အရိပ်အယောင်များ ထွက်ပေါ်လာပြီး အလျင်အမြန် ပြန်ပျောက်ကွယ်သွားကာ သူမထံမှ အကြည့်လွှဲလိုက်သည်။

ထိုလူ၏ လျစ်လျူရှုထားသော အမူအရာက ရေအေးတစ်စက်နှင့်တူပြီး ချင်းဖုန့်၏ စိတ်လှုပ်ရှားနေသော နှလုံးသားကို ငြိမ်သက်သွားစေကာ မူလအနေအထားသို့ ပြန်လည်ရောက်ရှိသွားစေခဲ့သည်။ သူမက အခုန သူမကို ကြောက်လန့်စေခဲ့သည့်အရာကို တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။ အဖြူရောင် သွင်ပြင်လေးက ကြောင်တကောင်နှင့်တူနေသလို ခွေးတစ်ကောင်နှင့်လည်း တူနေသည်။ ချင်းဖုန့်က သူမ၏ဝတ်ရုံမှ ထောင့်စွန်းများကို ပြန်ကိုင်ထားမိသည်။ ထိုအရာလေးက ရုတ်တရက် တစ်စုံတစ်ဦးကို ကိုက်လာမည်ကို ချင်းဖုန့်က စိုးရိမ်နေပြီး ၎င်းကို ကန်လဲ မထုတ်ရဲပေ။ ကံကောင်းစွာဖြင့် တစ်ဖက်တွင်ရပ်နေသော အခြားအမျိုးသားတစ်ဦးက ရှေ့တိုးလာပြီး ၎င်းကို ကောက်ယူလိုက်ကာ ချင်းဖုန့်နားမှ ဖယ်ရှားပေးလိုက်သည်။

နန်းတွင်းအစေခံနှစ်ယောက်ကလည်း ချင်းဖုန့်၏အော်ဟစ်သံကို ကြားလိုက်ပြီး အပြေးအလွှားရောက်လာကြသည်။ အမျိုးသားတစ်ယောက်က အမွေးအမှင်ဘောလုံးလေးကို ကောင်းစွာပွေ့ဖက်ထားထားသည်ကို မြင်လိုက်ရမှ သူမတို့က သက်ပြင်းချကာ ချင်းဖုန့်အား ဒူးညွှတ်အနေအထားဖြင့် အရိုအသေပေးရင်း တောင်းပန်လိုက်သည်။ "ဒီအစေခံက သေဖို့ ထိုက်တန်ပါတယ်။ ကျွန်တော်မျိုးမက ရွှယ်အာကို ကောင်းကောင်း ဂရုမစိုက်ဘဲ မယ်မယ့်ကို ထိတ်လန့်စေမိပါတယ်။ ခွင့်လွှတ်ပေးဖို့ မယ်မယ်ကို တောင်းပန်ပါတယ်"

တော်ဝင်မောင်းမဆောင်မှ ဝိုးတဝါး သံသယများWhere stories live. Discover now