office တွင်...
"မောင်ရင် ဒါဆိုအန်ကယ် စိတ်ချမယ်နော် သားကိုလဲစောက်ရှောက်ပေးပါ "
"ဟုတ်ကဲ့ပါ အန်ကယ် စိတ်ချပါ ကျွန်တော်ညီအရင်းတစ်ယောက်လိုစောင့်ရှောက်ပေးပါ့မယ်"
"ကိုကို သား ကိုကိုနဲ့နေမှာနော်"
မျက်နှာလေးဆူပုတ်ပုတ်နဲ့ပြောလာသူသည်
ဂျက်ခ် ပင်ဖြစ်လေသည်။"အင်းး ရာရာ သဘောပါ ကိုကိုလဲခွင့်ပြုပါတယ်"
ရာရာဆိုတာ ဒေါနပေးထားတဲ့နာမည်ပင်
"ရေးးးးးဒါမှတို့ကိုကို ကွ"
ထိုကောင်လေးသည်မျက်လုံးလေးများမှေးကား ပါးချိုင့်တွေခွက်၀င်သွားတဲ့အထိ ပြုံးလေသည်။
ဒါပေမဲ့သူက အဆိပ်ရှိတဲ့မြွေပွေးတစ်ကောင်ပင်ဖြစ်လေသည်။ဉီး၀င်းနေသော်ဆိုတာ ရာရာ တစ်နည်းအားဖြင့်ဂျက်ခ်ရဲ့ အဖေ။ဉီး၀င်းနေသော်ကအမေရိကား မိန်းကလေးတစ်ယောက် နဲ့အိမ်ထောင်ချပြီး ဂျက်ခ်ကိုမွေးဖွားထားခြင်းဖြစ်သည်။သူမသည် ဂျက်ခ် ၂နှစ်သားအရွယ်ထဲက ဆုံးပါးသွားခြင်းဖြစ်သည်။ယခုအင်္ဂလန်မှာ ဉီး၀င်နေသော်ကို သူ၏ဇနီးရဲ့မောင် သူ့ယောက်ဖက companyကိုအတင်းအကြပ်လက်လွှဲယူဖို့ ကြံရွယ်နေသည်။မပေးလျှင် အသက်အန္တရယ်ကိုပါ ချိနိးခြောက်ထားသည်ကြောင့်ပင်။ဉီး၀င်းနေသော်အတွက်ကတော့ မတုန်လှုပ်ပေမဲ့သူ၏တစ်ဉီးတည်းသောသားလေး ဂျက်ခ် ကိုပြန်ပေးဆွဲပြီးဂျက်ခ်အသက်နဲ့ companyကို လဲမှာကိုဉီးနေ၀င်းသော်သိပ်ကြောက်ပါသည်။လူတွေက စည်းစိမ်ဉစ္စာကိုတပ်မက်သွားရင် အမျိုးဆိုတာလဲနားမလည်ကြတော့ဘူး။
မာလီဆိုတဲ့လူမျိုးက သတ်စရာရှိရင်တောင် ဘယ်မျက်နှာမှမထောက်ဘဲ လုပ်သည့်လူမျိုး သူလိုချင်တာကိုရအောင်ယူသည့်သူမျိုး မို့လို့ ဉီးနေ၀င်းသော်သိပ်ကြောက်ပါသည်။ဒါကြောင့်မို့လဲ
တစ်ချိန်က အမေရိကားမှာလာနေသွားဖူးသည့်ဒေါနကို အကူညီလာတောင်းတာဖြစ်သည်။အမေရိကားမှာဉီးနေ၀င်းသော်ရဲ့တပည့်ပေါင်းသောင်းခြောက်ထောင်ရှိပေမဲ့အမေရိကားမှာထက် မြန်မာနိုင်ငံမှာဒေါန နဲ့ပိုစိတ်ချသည်ကြောင့်အကူညီလာတောင်းတာပင်။ ဒါကိုမာလီက မသိသေးပေ။
YOU ARE READING
ကြာငယ်ရဲ့ပုံပြင်
Romance"အရာရာဟာ အကိုနဲ့ပဲစတင်ခဲ့တာမို့အကိုနဲ့ပဲပြီးဆုံးချင်တယ် အကို" "ကြာညို"