''အမတော်ဘုရား...အရမ်းကြီးမစဥ်းစားပါနဲ့အုန်းအချိန်တွေအများကြီးကျန်ပါသေးသကွယ့်...အချိန်၇ရက်ပေးမယ်အဲဒီအတော်အတွင်းမှာကောင်းသတင်းဘဲကျွန်ုက်ကြားချင်ပါတယ်အမတော်..ကောင်းကောင်းအနားယူလိုက်ပါအုန်း..ဟားဟားဟား''
အစောကုတင်ပေါ်သို့ပစ်လဲကျကာပါးပြင်ပေါ်သို့မျက်ရည်များတသွင်သွင်စီးကျလာလေသည်။
''ဘယ်လိုလုပ်ရမှာလဲဖခမည်းတော်..အစောသူတို့ကိုဘယ်လိုအင်အားနဲ့တိုက်ထုတ်လို့နိုင်မှာလဲဟင်...သူတို့ပြောသလိုအစောရဲ့တိုင်းကိုအပျက်စီးမခံနိုင်ဘူး...''
ဖခမည်းတော်ဘုရားကအစောကိုထီးနန်းလွှဲပြောင်းပြီးအုပ်ချုပ်စေခဲ့တာကိုနေ၀ိယာဒါနဲ့နေဇာတို့ကမကျေနပ်ကြပေ။အခုတော့ထီးနန်းလွှဲပြောင်းပေးဖို့ကိုတိုက်တွန်းနေကြပြီး
ဖခမည်းတော်နတ်ရွာမစံခင်ကတည်းကသူမကိုပြောထားတဲ့စကားရှိလေသည်။
''သမီးတော်အစောကိုဖခမည်းတော်မှာထားချင်တယ်ကွယ့်...ကျေးဇူးရှင်နဲ့ကျေးဇူးကြွေးရှိသူတွေဆိုတာလောဘရမ္မက်တွေကြောင့်ရန်သူတွေအဖြစ်ကိုပြောင်းလဲသွားတတ်တယ်...သမီးတော်အစော...ဖခမည်းတော်တို့ရဲ့အောင်သော၀ေရာတိုင်းကို၇ပြည်ထောင်တွေရဲ့လက်ထဲကိုမကျရောက်စေဖို့ကာကွယ်စောင့်ရှောက်ပါ..သူတို့ဟာဖခမည်းတော်ရဲ့ကျေးဇူးကြွေးတွေရှိနေပေမယ့်တစ်ချိန်ချိန်မှာလောဘရမ္မက်တွေကြောင့်အောင်သော၀ေရာတိုင်းကိုထိပါးလာနိုင်တယ်သမီးတော်''
ဖခမည်းတော်ပြောတာမှန်တယ်..၇ပြည်ထောင်တွေဟာကျေးဇူးတရားဆိုတာကိုမသိတော့လောက်အောင်ကိုအောင်သော၀ေရာကိုလိုချင်တပ်မက်နေကြလေပြီး...စိတ်ချပါဖခမည်းတော်သမီးတော်အောင်သော၀ေရာတိုင်းကို၇ပြည်ထောင်တို့လက်ထဲမကျရောက်စေဖို့စောင့်ရှောက်ပါ့မယ်....
ဘိုးထေတို့ပြန်ရောက်လာတော့အောင်သော၀ေရာတိုင်းမှာကိစ္စကြီးတွေဖြစ်ပွားနေတာကိုကြားသိရလေသည်။
တခြားအကြောင်းတောမဟုတ်ပေ။အရှင်မကိုသူပုန်တစ်ချို့ဖမ်းခေါ်သွားခဲ့တာပင်...
YOU ARE READING
THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်
Actionဆိုးတယ်မိုက်တယ်ဆိုတာငါ့ဘ၀မှာရာဇ၀င်နဲ့လာတာကွ...အဆင့်အတန်းဂုဏ်ပကာသနတွေမလိုဘူး...ငါ့အတွက်ထန်းတောကထန်းရည်ကအရေးကြီးဆုံးဘဲ (လူဆိုးလူပေမင်း၀သုန်) အဲဒီလူဆိုးကောင်မင်း၀သုန်ဆိုတဲ့လူအကြောင်းကိုငါ့ရှေ့မှာမပြောစမ်းပါနဲ့..နားထောင်ရတာနားခါးလွန်းလို့ပါ... (သူဌေးကြီ...
The God King (part42)
Start from the beginning