.................................ဤကမ္ဘာမြေပေါ်တွင် Alpha၊ Omega၊
Beta ဟူ၍ လိင်အမျိုးအစား (သုံးမျိုး)
ခွဲခြားသတ်မှတ်ထားသည်။
ယခင်ဘိုးဘေးဘီဘင်ခေတ်များတွင်
Omegaယောင်္ကျားလေး များစွာရှိခဲ့သည်။
ထိုခေတ်များက Alpha(ယောကျ်ား)၊
Beta(ယောကျ်ား)များသည်
Omegaယောင်္ကျားလေးများအပေါ်
ရိုသေသမှုရှိကြသည်။ ပြီးနောက်
Alpha(ယောကျ်ား)ဖြစ်စေ၊ Beta
(ယောကျ်ား)ဖြစ်စေ Omega ယောကျ်ားလေး
အပေါ် မေတ္တာသက်ဝင်ခဲ့လျှင်
တရားဝင်ပေါင်းသင်းပြီး
ဇနီးအရာထားရှိခဲ့ကြသည်။လက်ရှိပစ္စုပ္ပန်ခေတ်တွင်မူ Omega
ယောင်္ကျားလေး အလွန်းနည်းပါးလာသည်။
မြန်မာနိုင်ငံမှာဆို သုံးပုံပုံ တစ်ပုံမျှသာရှိသည်။
ဤသို့ Omega ယောင်္ကျားလေး
နည်းပါးရသည်မှာ Beta မိန်းကလေး
များလာခဲ့ခြင်းကြောင့်ဟု ရှေးရိုးစွဲ
လူကြီသူမများမှ သုံးသပ်ထားကြသည်။
ယခင်ခေတ်များကလို Omega
ယောင်္ကျားလေးများကို လေးစားမည့်သူများ
ဤယနေ့ခေတ်တွင်
မည်သူတစ်ဦးတစ်ယောက်မျှမရှိတော့ချေ။
ယနေ့ခေတ် Alphaလူငယ်များသည်
Omega ယောင်္ကျားလေးဆိုသည်နှင့်
ရှားပါးမျိုးစိတ်တစ်ခုလို သတ်မှတ်ပြီး
ပျော်တော်ဆက်ချင်ကြသည်။
တချို့လူများကလည်း Omega
ယောင်္ကျားလေးများကိုဆို
အားအနည်းဆုံးလူအဖြစ် သတ်မှတ်ပြီး
အနိုင်ကျင့် လှောင်ပြောင်ချင်ကြသည်။
ထိုကြောင့်ပဲ Omega
ယောင်္ကျားလေးများသည်
ကိုယ့်ကိုယ်ကိုယ် ထိန်းထိန်းသိမ်းသိမ်း
နေရကြသည်။ မဟုတ်လျှင် အမြင်မတူသော
လူတချို့၏ အနိုင်ကျင့်
လှောင်ပြောင်ခြင်းများကို ခံရလိမ့်မည်။ ချွတ်ယွင်းချက်တစ်ခုက ပိုက်ဆံရှိသူ၊
ပညာတက်သူ၊ အာဏာကြီးသူများ မပါပေ။Omega ယောင်္ကျားလေးကို မွေးထားသည့်
မိဘများသည်လည်း ကိုယ့်သားလေး
အရွယ်ရောက်လာသည့်အခါ သဘာဝဇီဝ
ဖြစ်ရပ်များအကြောင်း ရှင်းပြ ပြောပြပြီး
ကြိုတင်သွန်သင်ဆုံးမထားရကြသည်။
ထိုသို့ သွန်သင်ဆုံးမပေးမည့်မိဘမျိုးကို
မိုးတိမ်ယံ အသက်15နှစ်အရွယ်မှာကတည်းက ဆုံးရှုံးခဲ့ရသည်။ Omegaမှန်း သူ့ကိုယ်သူ
စသိချိန်မှာ သိမ်ငယ်စိတ်ဝင်ခဲ့ရသလို၊
ညီမဖြစ်သူက Omega (ယောကျ်ား)ကိုဆို
အရမ်းရွံသည်ဟု သတ်မှတ်ထားခဲ့တော့
ထိတ်လန့်ကြောက်ရွံ့ခဲ့ရသည်။
ညီမလေး မုန်းတီးရွံရှာသွားမည်ကို
သေမတက်ကြောက်၍ သူ့ကိုယ်သူ
Betaတစ်ယောက်လို
ဟန်ဆောင်ထားခဲ့ရသည်မှာ
ယနေ့ထိတိုင်ပင်။
YOU ARE READING
I Hate You
FantasyWarning: 18 ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။