p - 19

758 41 10
                                    

Unicode..




"တီချယ် ဒါဘာလဲ.."

ဝတ်လွှာသည် ကျောင်းတွင် သင်ရမည့် စာများကို ပြန်လေ့လာနေရင်း
ကရီနာက ရောက်လာပြီး စာရွက်တချို့ကို စားပွဲပေါ် ပစ်ချလိုက်သည်။

"ဟင် "

ဝတ်လွှာမှာ စာရွက်တို့ကို ဖြန့်ကြည့်ပြီး ထိတ်လန့်နေသည်။

" ဘာလို့ လိမ်ရတာလဲ.. ဘာလို့များ အစက မပြောခဲ့ရတာလဲ။"

" တောင်းပန်ပါတယ် ကလေးရယ် တီချယ်တောင်းပန်ပါတယ်"

ဝတ်လွှာမှာ မျက်ရည်တို့ စီးကျနေပြီး ကရီနာ၏ လက်ကို ကိုင်ဆွဲကာ တောင်းပန်နေရှာသည်။

"လာမကိုင်နဲ့ ရွံတယ်"

ကရီနာမှာ ဝတ်လွှာကိုင်ထားသည့် လက်ကို စောင့်ရုန်းလိုက်ပြီး ရွံရှာသလို ကြည့်နေသည်။

" အဲလို မကြည့်ပါနဲ့ တောင်းပန်ပါတယ်။နှလုံးသားရဲ့ ဆန္ဒကို မလွန်ဆန်နိုင်ခဲ့လို့ပါ။ပထမဆုံး မေတ္တာတရားကို ခံစားခဲ့ရလို့ အဖြစ်မှန်ကို ဖုံးကွယ်သလို ဖြစ်ခဲ့ရတာပါ။တောင်းပန်ပါတယ်... ကလေးရယ် တောင်း.. တောင်းပန်ပါတယ်"

ရိုက်ကြီးတငင်နှင့် ထွက်လာသော အသံတို့သည် အထစ်ထစ်အငေါ့ငေါ့နှင့်။ ဝတ်လွှာ၏ခန္ဓာကိုယ်‌လေး
‌မှာ မတ်မတ်ပင် မရပ်နိုင်တော့ပဲ စားပွဲကို အားပြုရင်း ကြမ်းပြင်ပေါ်ကို တအိအိ ပြိုဆင်းသွားသည်။ကရီနာမှာ ငဲ့ကြည့်ခြင်းအလျဉ်းမရှိပဲ အပြင်ကို ထွက်သွားသည်။

ဝတ်လွှာမှာမူ ကရီနာ၏ ရွံရှာသလို အကြည့်တို့ကို မျက်လုံးထဲ မြင်နေပြီး နားထဲတွင် ကရီနာပြောခဲ့သော စကားလုံးများကိုသာ အထပ်ထပ်ပြန်ကြားနေသည်။မျက်ရည်တို့‌သည်ပါးပြင်ပေါ်တွင်မစဲတော့ပေ။ဝတ်လွှာသည် ကျချင်လည်း ကျပါစေတော့ဟုသာ နှလုံးပိုက်ထားလိုက်တော့သည်။

ငယ်စဉ်ကတည်းက အမေအရင်းဖြစ်သူထံမှပင် မေတ္တာကို မရရှိခဲ့သည့် သူ(မ)..
မွေးစားအစ်ကိုဖြစ်သူ၏ အကျိုးလို၍ ညောင်ရေသွန်းသော မေတ္တာအယောင်ဆောင်ကိုသာ ရရှိခဲ့သည်။
ကရီနာသည် သူ(မ) အပေါ်တွင် မေတ္တာထားသော သူ(မ)ဘက်ကပါ မေတ္တာရှိသော လူဖြစ်သည့်အတွက် ရူးလောက်အောင်ချစ်ရသည်။
ဝတ်လွှာတို့ကြားထဲက အတားအဆီးဖြစ်နေမည့် အရာတွေကို မပြောပြခဲ့တာ ဝတ်လွှာ မမှားဘူးဟု ကိုယ့်ကိုကိုယ် ထင်သည်။

လှမ်း၍သာလာလှည့်ပါ...(Complete)Where stories live. Discover now