"မဒီ...မင်းရေချိုးခန်းထဲမှာအိပ်ပျော်သွားပြီလား"
အပြင်ကနေလှမ်းခေါ်နေတဲ့ သူ့အသံ
"ငါသူ့ကိုဘယ်လိုမျက်နှာပြရမလဲ...ရှက်လိုက်တာ...တူညီတဲ့အမှားကိုနှစ်ခါမှားရတယ်လို့ မိမဒီ ရယ်"
"မဒီ...မင်းမထွက်လာရင် ကိုယ်ဝင်လာမှာနော်"
အတင်းအကြပ်တွေပြောနေတဲ့ သူကြောင့်
"မလာနဲ့...ပြီးပြီ"
ရေဝတ်အင်္ကျီကိုလဲပြီးထွက်လာတော့ ရေချိုးပြီးသန့်ပြန့်နေတဲ့ သူကအပေါက်မှစီးကြိုလျက်
မဒီလည်းသူ့မျက်နှာကိုမကြည့်ရဲတာနဲ့ ရှက်ရှက်နဲ့သာထွက်လာတော့ သူလည်းအနောက်ကလိုက်လာသည်
အခန်းထဲရောက်တော့
"ဘာလို့လိုက်လာတာလဲ"
"မင်းကိုမေးစရာရှိလို့"
"မေးစရာရှိလဲ နောက်မှမေး မဒီ အင်္ကျီဝတ်ဦးမယ်"
"ဝတ်လေ စောင့်မယ်"
"စောင့်မယ်ဆိုလည်း အပြင်ထွက်လေ"
"ဘာလို့လဲ...ရှက်လို့လား ဘာမှရှက်မနေနဲ့တော့ မတွေ့ဖူးတာလည်းဘာမှမရှိဘဲနဲ့...ကလေးတစ်ယောက်တောင်ရနေပြီကို"
"ကိုစစ်မင်းဟန်"
မဒီ့ မျက်နှာလေးရဲလာပြီး သူနာမည်အပြည့်အစုံကိုအော်လိုက်တော့ မဒီ့ နှာထိပ်လေးကိုလက်လေးနဲ့ လှမ်းညစ်လိုက်ပြီး
"ကိုယ့်နာမည်ကိုဘယ်သူအပြည့်အစုံခေါ်ခိုင်းလို့လဲ"
မဒီ လန့်ပြီးကြောင်သွားသည်
"ထားလိုက်ပါ နောက်တစ်ခါခေါ်ရင် ကိုကို လို့ပဲခေါ်"
"ရှင်..."
"ဘာတွေဖြစ်ကုန်တာလဲ...လူများပြောင်းသွားတာလား" မဒီကြောင်းတောင်တောင်ဖြင့်စိတ်ထဲရေရွတ်မိသည်
"ဘာလည်း အဝတ်မလဲသေးဘူးလား...ဘာလည်း ကိုယ်မထွက်သေးသ၍မလဲဘူးဆိုတဲ့သဘောလား"
"အင်း..."
"တယ်ခက်ပါလား...ဒါဆို ကိုယ် အပြင်ကစောင့်နေမယ် လဲပြီးရင်ထွက်လာခဲ့နော်"
YOU ARE READING
အပြစ်အကြွေး (Our Fault)
Romanceမထင်မှတ်ပဲ ကြူးလွန်မိလိုက်တဲ့ အမှားတစ်ခုကြောင့် တစ်ယောက်ဘဝကိုတစ်ယောက်တာဝန်ယူလိုက်ရတဲ့အခါမှာ စစ်မင်းဟန် နဲ့ နွေမဒီ တို့နှစ်ယောက် သူတို့ရဲ့အပြစ်အကြွေးတွေကိုအပြန်အလှန်ဆပ်ရင်း သူတို့ရဲ့အိမ်ထောင်ကိုဘယ်လိုရှေ့ဆက်ကြမလဲ မထင္မွတ္ပဲ ၾကဴးလြန္မိလိုက္တဲ...