အပြန်လမ်းတစ်လမ်းလုံး မဒီ အတွေးတွေနဲ့ ရင်ထဲကဗလောင်ဆူမှုတွေကြောင့် အရမ်းမွန်းကြပ်နေသည်။ သူဖြေသိမ့်ဖို့တစ်ခုခုလိုအပ်နေတယ်ဆိုတာကိုသိလိုက်တာကြောင့် အနီးအနားက ဘား တစ်မှာ ကားထိုးပြီး အရက်ပြင်းတွေကိုထိုင်သောက်နေမိသည်
"ဒီအရက်ပုလင်းကုန်သွားလို့ သူနဲ့တွေ့ခဲ့တဲ့မှတ်ဥာဏ်တွေပျောက်ဆုံးသွားရင်ကောင်းမှာပဲ...no no no no...သူနဲ့မတွေ့သေးခင်အချိန်ရောက်သွားချင်တယ်...မဟုတ်သေးဘူး သူဘယ်သူ့ကိုမှမချစ်မိသေးတဲ့အချိန်ကိုအရောက်သွားပြီး သူ့ကိုအပိုင်သိမ်းလိုက်ရမလား"
မဒီအရမ်းမူးနေပြီဖြစ်သည်
**************************************
မဒီ့ ကိုယ်လက်တွေကိုက်ခဲနေပြီး ခေါင်းတွေလည်း ချာချာလည်အောင်မူးနောက်နေတာမို့ ဆက်မအိပ်နိုင်တော့ ပဲ မျက်လုံးဖွင့်ကြည့်စဥ် သူမရဲ့ အိပ်ခန်းထဲကိုရောက်နေသည်
ဘေးဘီကိုကြည့်တော့....သူ....စစ်မင်းဟန်...ရိုးရိုးစစ်မင်းဟန်မဟုတ် အင်္ကျီမဝတ်ထားတဲ့စစ်မင်းဟန်ရဲ့ကျောပြင်ကြီး
သူမကိုယ်သူမကြည့်တော့လည်း အဝတ်ဗလာဖြင့်"ဘာတွေဖြစ်ခဲ့ပြန်ပြီလဲ"
တိုးတိုးလေးပါးစပ်က လွှတ်ထွက်သွားတော့
"မမှတ်မိဘူးလား"
သူမဖက်ကိုလှည့်လာတဲ့ ထိုယောကျ်ား
"ဘာမှမမှတ်မိဘူး...မဒီ အရက်ဆိုင်ကိုသွားခဲ့တာပဲမှတ်မိတယ်"
နှုတ်ခမ်းလေးကိုကိုက်ပြီး ဖြစ်ခဲ့သမျှကို စဥ်းစားလေးသည်။ သို့သော်တစ်ခုထွက်မလာပါ။ အသိစိတ်မရှိရလောက်အောင်အထိ အရက်ပြင်းတွေဘယ်လောက်တောင်သောက်ခဲ့မှန်းကိုမသိပေ
"ဘာ...ဘာ....ဘာတွေဖြစ်ခဲ့တာလဲ...မဒီ တို့ထပ်မှားသွားကြတာလား"
လန့်ဖြန့်နေတဲ့ပုံစံနဲ့ စောင်လေးကိုပိုက်ထားပြီးပြောနေတဲ့ပုံစံကြောင့် စစ် ရယ် မိသည်
"မင်းအတွက်တော့အမှားဖြစ်နိုင်ပေမဲ့ ကိုယ့်အတွက်တော့အမှားမဟုတ်ဘူး"
YOU ARE READING
အပြစ်အကြွေး (Our Fault)
Romanceမထင်မှတ်ပဲ ကြူးလွန်မိလိုက်တဲ့ အမှားတစ်ခုကြောင့် တစ်ယောက်ဘဝကိုတစ်ယောက်တာဝန်ယူလိုက်ရတဲ့အခါမှာ စစ်မင်းဟန် နဲ့ နွေမဒီ တို့နှစ်ယောက် သူတို့ရဲ့အပြစ်အကြွေးတွေကိုအပြန်အလှန်ဆပ်ရင်း သူတို့ရဲ့အိမ်ထောင်ကိုဘယ်လိုရှေ့ဆက်ကြမလဲ မထင္မွတ္ပဲ ၾကဴးလြန္မိလိုက္တဲ...