chapter -115 -[တို့ဟူး ပြုလုပ်ခြင်း]
ချန်းရှောင်ခိုင် စခန်းကနေပြန်လာတဲ့အချိန်မှာ ချန်းရှောင်မီမှာကိုယ်ဝန်ရှိနေတဲ့သတင်းကိုကြားလိုက်ရသည် ။
" အစ်ကိုကြီး ထပ်ပြီးကိုယ်ဝန်ရှိလာတာလား "
ချန်းရှောင်ခိုင်က စိတ်လှုပ်ရှားစွာမေးလာသည် ။
လုလင်းက ခေါင်းညိတ်လိုက်သည် ။
" ဟုတ်တယ် သူ့မှာကိုယ်ဝန်ရှိနေတာ ။ "
ချန်းရှောင်ခိုင်ရဲ့ ငယ်ငယ်ရွယ်ရွယ်ပုခုံးလေးပေါ်မှာ ခေါင်းအိုကြီးတစ်လုံးကိုတင်ထားပေမယ့် သူ့အစ်ကိုဆီမှာ ကိုယ်ဝန်ထပ်ရှိတယ်လို့သတင်းကောင်းကြားရတဲ့အခါ ကလေးတစ်ယောက်လို ပျော်ရွှင်စွာ ခုန်ပေါက်နေသည်။
ချန်းရှောင်ခိုင်က စိတ်လှုပ်ရှားစွာပြောသည် ။
" ကောင်းလိုက်တာ ကျွန်တော့်မှာ နောက်ထပ်တူတစ်ယောက်ရှိတော့မယ် ။ "
လုလင်းပြုံးလိုက်သည် ဒီခေတ်ကလူတွေဟာ ကလေးနောင်ရေးကိုဂရုမစိုက်ကြဘဲ ကလေးပိုရလေ ကောင်းချီး ပိုရလေလို့ယုံကြည်ကြသည် ။ ဆင်းရဲတဲ့သူတွေတောင် ကလေးများများမွေးဖို့ရွေးချယ်ကြသည် ။
လုလင်း ချန်းရှောင်ခိုင်ကိုကြည့်လိုက်ပြီးနောက် မျက်လုံးထဲမှာ ကျီစယ်တဲ့အရိပ်အယောင်ဖြစ်ပေါ်လာသည် ။
" မင်းနဲ့ရှန်ချီလည်း ကလေးယူရလိမ့်မယ် ။ "
ချန်းရှောင်ခိုင် သူ့ခေါင်းကိုကုတ်ပြီး ရှက်ရွံ့စွာပြုံးလိုက်သည်။
ချန်းရှောင်ခိုင်နဲ့ရှန်ချီက စောစော စေ့စပ်လိုက်ပြီး စောစီးစွာ အိမ်ထောင်ကျထားသော်လည်း ချန်းရှောင်မီက သူတို့ကိုဖြေးဖြေးသွားသင့်တယ်လို့ အကြံပြုလာသည် ။ ချန်းရှောင်ခိုင်က ချန်းရှောင်မီရဲ့စကားကိုနားထောင်ပြီး တားမြစ်ထားတဲ့တပ်မက်မှုကို မမြည်းစမ်းခဲ့ပေ ။
လုလင်းက ချန်းရှောင်ခိုင်ကိုကြည့်ပြီးတွေးလိုက်သည်။
' ငါပြောတာမှားလို့လား ၊ လုလင်းက ဖြေးဖြေးသွားသင့်တယ်လို့ တစ်ခါကတောင်းဆိုဖူးပေမယ့် သူတို့လိုက်လုပ်လား မလုပ်လားကို သေချာမှမသိရတာ '
YOU ARE READING
ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)
FantasyAuthor. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fantasy Romance, Slice Of Life,Yaio Notice --- Just Translation Description -လုလင်း( Lu Lin )သည် မြို့ကြီ...