chapter -112 -[ခရီးထွက်ကြမယ်]

3.2K 299 15
                                    

chapter -112 -[ခရီးထွက်ကြမယ်]

ကျောက်ကြီးရွာကလူများစွာဟာ လုလင်းကစီးပွားရေးအိမ်ကိုရောင်းမယ်ဆိုတဲ့အကြောင်း ကြားပေမယ့် လုလင်းအမှန်တကယ် မရောင်းမချင်း သူတို့အားလုံးက ကောလဟာလလို့သာ ထင်နေကြသည် ။

" လုလင်း စီးပွာရေးအိမ်ကိုတကယ်ရောင်းလိုက်တယ် "

" သူနဲ့ ချန်းရှောင်မီက တရားဝင်အရာရှိရာထူးကို ဝယ်လိုက်တယ်လို့ကြားတယ် သူတို့က မကြာခင် ရာထူးတာဝန်ထမ်းဆောင်ရတော့မှာမို့ စီးပွားရေးအိမ်ကိုရောင်းချလိုက်ကြတာ "

" လုလင်းက တကယ်ရဲရင့်တယ် အဲ့လိုစီးပွားရေးအိမ်ကြီးကို သူ့အတွက်အရေးမပါသလိုပဲ ရောင်းပစ်လိုက်တာ "

" သူကအရာရှိတစ်ယောက် ဖြစ်နေပြီလေ အခုတော့ စီးပွားရေးအိမ်တစ်လုံးက သူ့အတွက်ဘာမှအရေးမပါဘူးတော့လို့ တွေးနေ‌လောက်မှာ ။ "

" ငါက တို့ရွာမှာ လုချောင်ယုကပထမဆုံးအရာရှိဖြစ်လိမ့်မယ်လို့ ထင်နေတာ လုလင်းက အရင်ဆုံးဖြစ်လိမ့်မယ်လို့ ဘယ်သူကမျှော်လင့်ထားမှာလဲ "

" အရာရှိဖြစ်မယ့်လူက လုလင်းလား ချန်းရှောင်မီမဟုတ်ဘူးလား "

" ကောက အစိုးရအရာရှိမလုပ်နိုင်ဘူး သူတို့က လုလင်းအတွက် ရာထူးဝယ်တာ "

" အိုး သိပြီ ~ ချန်းရှောင်မီနဲ့လုလင်းက ကောင်းကောင်းမသင့်မြတ်ဘူးလို့ပဲ ထင်ထားတာ ။ လုလင်းက မယားကြောက်ရတယ်လို့ လုမိသားစုဆီက ကြားတယ်လေ။ သူက ငွေသုံးချင်ရင် ချန်းရှောင်မီဆီမှာ ခွင့်ပြုချက်တောင်းရတယ် ။ ချန်းရှောင်မီက သူ့ကိုငွေမပေးရင် သူကငွေတစ်ဆင့်တောင် မသုံးရဘူးတဲ့ ။ ချန်းရှောင်မီက လုလင်းကို အမြဲတမ်းအပြင်လူလိုပဲဆက်ဆံတယ်လို့ သူတို့ကပြောတယ် ။ "

" လုမိသားစုကပြောသမျှကို စကားတစ်ခွန်းမှ မဝယ်(ယုံ)နဲ့။ "

" အဲ့ဒါက တကယ်တမ်းတော့ ပြောရခက်ပါတယ် ။ လုလင်းက သေရမယ်ကိုကြောက်ပေမယ့် သူ ချန်းရှောင်မီမိသားစုထဲလက်ထပ်ဝင်ရမယ်လို့ကြားတဲ့အချိန်မှာ သတ်သေဖို့တောင်ကြိုးစားခဲ့တယ်လေ ။ သူက ဒီနေ့လို အစိုးရအရာရှိ ဖြစ်လာလိမ့်မယ်လို့ ငါမျှော်လင့်မထားမိဘူး။ "

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now