chapter -105 -[ခိုင်နဲ့ချီ လက်ထပ်သွားပြီ]

3K 329 5
                                    

chapter -105 -[ခိုင်နဲ့ချီ လက်ထပ်သွားပြီ]

ရက်တချို့ကြာပြီးနောက် ကျောင်းရွေ့က စီနိုစီးပွားရေးအိမ်ကိုပြန်လာသည် ။

ချန်းရှောင်မိုင်နဲ့ ယွမ်ပေါင်က သူ့အနောက်သို့တကောက်ကောက်လိုက်ကာ စပ်စုနေသည် ။

" ဝမ်းကွဲ မင်းလက်ထပ်ပြီးပြီ ! "

ကျောင်းရွေ့ကခေါင်းကိုကုတ်ပြီး ရှက်ရွံ့စွာပြောသည် ။

" အင်း "

" ဦးလေး ရွေ့ ၊ ဦးလေးရဲ့မိန်းမကချောလား "

" အရမ်းပဲပေါ့ "

ရှောင်မိုင်နဲ့ယွမ်ပေါင်က သူ့ကိုမေးခွန်းတွေတရစပ်မေးတဲ့အခါ ကျောင်းရွေ့ရှက်ရွံ့သလို ခံစားရသည် ။

ချန်းရှောင်မိုင်က ကျောင်းရွေ့ကိုကြည့်ပြီး ပြောသည် ။

" အစ်ကိုကြီးပြောတာတော့ ဝမ်းကွဲကလက်ထပ်ပြီးသွားရင် အရွယ်ရောက်သွားပြီတဲ့ ဒါပေမယ့် ဝမ်းကွဲပုံစံက ဘာမှလည်း မပြောင်းလဲသွားပါဘူး။ "

မင်းက ဘာပြောင်းလဲမှု‌တွေကို ခံစားချင်လို့လဲ ချက်ချင်းကြီး အရွယ်ရောက်သွားမယ်လို့ ထင်နေတာလား ?

လူပျိုမဟုတ်တော့တာကြာပြီဖြစ်တဲ့ ကျောင်းရွေ့က ရှက်ရွံ့စွာပြောသည် ။

" နည်းနည်းလေးတော့ ကွဲပြားသွားပါတယ်။ "

ချန်းရှောင်မိုင်က စိတ်လှုပ်ရှားစွာမေးသည်။

" တကယ်လား အဲ့ဒါဆို သားလည်းအရွယ်ရောက်ချင်တယ်။ "

ကျောင်းရွေ့ရှက်ရွံ့သွားပြီး ရှောင်မိုင့်ကြောင့် ဆွံ့အသွားသည်။

" မိုင် အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့ "

လုလင်းက ချန်းရှောင်မိုင့်ကို တားလိုက်သည်။

ချန်းရှောင်မိုင်က လုလင်းဆီ မျက်နှာတစ်ခုပြုလုပ်လိုက်ပြီး အဝေးထွက်သွားသည်။

.....

လုလင်း မိုးမခမြို့ကနေ အဖွားရှန်ကိုခေါ်လိုက်ပြီး အဖွားရှန်နဲ့အတူ မင်္ဂလာပွဲအခမ်းအနားအကြောင်းကို ဆွေးနွေးသည် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now