ကိုယ် သူ့ကို စတွေခဲ့တုန်းက ကျောင်းကစီစဥ်တဲ့ field trip တစ်ခုမှာပေါ့။ ကျောင်းပြောင်းလာကာစသူမို့ မရင်းနှီးတဲ့သူတွေ ပက်ဝန်းကျင်မှာ ရင်းနှီးတဲ့သူတွေ အနားသာ ကပ်တွယ်နေချင်တယ်။ ဒါမှသာ လုံခြုံတယ်ဆိုတယ့် သက်တောင့်သက်သာ ခံစားချက်ကို ရတက်တယ်။ roll no တွေနဲ့ ကားတွေကို ခွဲချလိုက်ချိန်မှာတော့ ကိုယ့်ရဲ့ရှေ့မရောက်နောက်မရောက် roll noနဲ့ ပြသနာကတက်ပြီလေ။ကိုယ့် သူငယ်ချင်းတွေ အကုန်က နောက်ကားပေါ်မှာလေ ဘယ်သူနဲ့ထိုင်ရတော့မှာ လည်းအခုက။ သူငယ်ချင်းမကတော့ ကိုယ်ကျတဲ့ကားရဲ့ leaderကိုပြောပြီး နောက်ကားမှာလာစီးဖို့ အကြံပေးတယ်။ ဆိုတော့ ဒီလိုလည်းလုပ်လို့ရတာပဲ ဆိုပြီး
Junction Mawtin နားက သူငယ်ချင်းအိမ်မှာ လူစု စျေးဝယ် စားသောက်ပြီး ညကိုးနာရီမှာ ထွက်မယ့် စုရပ်စီ
တက္ကစီနဲ့ချီတက်ကြတော့တယ်။ ကားပေါ်ကဆင်း စုရပ်ဆီရောက်တော့ လူတွေတောင်အတော်စုံနေပြီမို့ ကိုယ့်ကားပေါ်ကိုယ်တက်ကြဖို့ အော်နေပြီ။ အဲ့အချိန်မှ ကိုယ်လည်းပြာနေပြီလေ ဘယ်သူနဲ့ထိုင်ရမှာလည်း အဲ့ကားပေါ်က ဘယ်သူနဲ့မှမသိဘူးလေ။ သိတဲ့သူတွေကလည်း သူ့အဖွဲ့နဲ့သူထိုင်ကြတော့မှာ။ ဘယ်လိုလုပ်ရလည်း။သူငယ်ချင်းမကလည်း ဟိုမှာ
ကိုxရယ် သွားပြောချေလို့တွန်းလွှက်တယ်။ အဲ့အချိန်က
ကိုယ်သူ့ကို စတွေဖူးတဲ့အချိန်ပဲ။ Express ကားရဲ့ အဝါ့ရင့်ရောင်မီးရောင်တွေက သူ့မျက်မှန်ကနေ အလင်းပြန်နေတယ်။ကားခြေနင်းခုံပေါ် မတ်တပ်ရပ်ရင်း လူတွေစစ်နေတယ်။ ကိုယ်အနားကိုကပ်သွားတော့ မော့ကြည့်လာရင်း ဘာဖြစ်လို့လည်းလို့မေးလာတယ်။ အဲ့အချိန်ကိုယ်ဘာပြောမိလည်း စကားလုံးတွေ မမှတ်မိတော့
ကိုယ်ကားပြောင်းချင်တယ်ဆိုတဲ့အကြောင်းပဲနေမယ်။ သူကတော့ roll no ခွဲထားပြီး ဒီကားပေါ်ကလူတွေကို သူတာဝန်ယူရမှာမို့မရကြောင်း ပြန်ပြောတာကို မှတ်မိလိုက်တယ်။ကိုယ်လည်း ယောင်ဝါးဝါးနဲ့ ခုံဆီပြန်လာရင်း အိပ်ပျော်ဖို့ပဲ ကြိုးစားတော့တယ်။ ခဏနေတော့ ကိုယ့်ဘေးက ခုံစီ ကောင်းလေးတယောက်ရောက် လာတယ်။ semester တဖြက်ပြီးသွားတာတောင် အခုထိ ကိုယ်မသိသေးတဲ့ မျတ်နှာတွေအများကြီးပဲ။ ကိုယ့်ရဲ့အမှု့မဲ့အမှတ်မဲ့ ထုံထိုင်းထိုင်း ကိုယ်ရည်ကိုယ်သွေးကြောင့်ပေလား၊ ဘယ်တော့မှ ကျောင်းမတက်ကြတဲ့ ရန်ကုန်က ကျောင်းသားတွေရဲ့ အကျင့်ကြောင့်ပေလားတော့ မပြောတက်။ ခဏနေတော့ ကားစထွက်လာတယ်။ ကားထွက်ပြီးမကြာခင်မှာပဲ ဘယ်တော့မှ အငြိမ်မနေနိုင်တဲ့ ကျောင်းသားတွေရဲ့ ဗီဇအတိုင်း ကာရာအိုအေဆက်ရှင်က စပါတော့တာပါပဲ။ ကိုယ်လည်းတဖြည်းဖြည်းနဲ့ရောပျော် လာတယ်။ ဒါပေမယ့် ဘေးမှာမသိတဲ့သူတယောက် ရောက်နေပြီး အစစအရာရာသတိထားနေရတာကတော့ အတော့်ကို မသက်မသာဖြစ်စေတာပါပဲ။ ဒူးခေါင်းချင်း ထိမိမှာကနေ အိပ်ရင်အဲ့ဘက်ကို ယိုင်သွားမလားက အစ
အကုန်သတိထားနေရတာက တော်တော်လေးကို အဆင်မပြေချေ။ ကားက ညလယ်စာခဏရပ်တဲ့အချိန်မှာပဲ
ကိုယ့်သူငယ်ချင်းကောင်လေးတယောက်နဲ့ နေရာချင်း ချိန်းလိုက်တော့တယ်။ အဲ့အခါမှပဲ ကောင်းကောင်းအိပ်နိုင် တော့တယ်။ Field Trip က တညအိပ်နှစ်ရင်ခရီးမို့ ဝေလီဝေလင်းမှာပဲ ပထမနေရာကို ဆိုက်တယ်။ ခဏအိပ်
မနတ်လင်းရင် ပထမနေရာကို အနှံ့လည် ညပြန်အိပ် မနက်ထ ဒုတိယမြို့ကိုဆက်လည် အဲ့ကနေတဆင့် ရန်ကုန်ကို တိုက်ရိုက်ပြန်တက်မှာပဲဖြစ်တယ်။ မနေ့ညကတည်းက သတိထားမိနေပြီဖြစ်တဲ့ကိုယ်က သူ့ကို ခရီးတလျှောက်လုံး သေချာလိုက်ကြည့်နေမိတော့တယ်။ သူ့သူငယ်ချင်းတွေနဲ့ ဆော့နေတာ ဓာက်ပုံတွေစုရိုက်နေကြတာ ပေါက်ကရတွေ ပြောနေကြတာ ညကြီးသန်းခေါင် ဘုန်းကြီးကျောင်းရဲ့ ရေကန်ထဲ ဝုန်းခနဲခုန်ဆင်းပြီး တဟီးဟီးတဟားဟား လုပ်နေကြတာအကုန်ကိုပေါ့။ သူကတော့ သတိထားမိမယ် မထင်ဘူး အပေါင်းအသင်းတွေတရုံးရုံးနဲ့ အရမ်းကိုပျော်နေတာဆိုတော့လေ လူစစ်ဖို့တောင် သူ့မှာ သတိရလေရဲ့လားမသိ။ ဒါက သစ်ရွက်လေးတစ်ရွက် လွှင့်လာပြီး ကိုယ့်မြေပေါ်စပြီးပေါက်လာပုံလေးပေါ့။
ညင်သာလွန်းလို့ ကိုယ်သိတောင် မသိလိုက်မိဘူး။
နောင်တချိန်ပြန်တွေးမိတော့ ကိုယ်အဲ့ဒီအချိန်ကတည်း
အဲ့သစ်ပင်မှာ ကိုယ့်ကိုယ်ကိုယ် ချိတ်ဆွဲမိခဲ့တာပဲ။ ဗြန်းလရမ်းရမ်းနေတက်လွန်းတဲ့ မိန်းမဆိုတော့
ဘာတခုမှတောင် သတိမထားမိခဲ့လိုက်ဘူး။ Field trip က ပြန်လာတော့လည်း ပုံမှန်ကျောင်းပိတ်ရက်များလိုပါပဲ
အိမ်ကိုပြန်တယ် ခြံထဲမယ်နပန်းလုံးတယ် ဒီလိုနဲ့ပဲ အဲ့မျတ်မှန်လေးက တနေနေရာရာကို ရောက်သွားတယ်။
နောက်ထပ်အရာတွေသာ ဖြစ်မလာတော့ရင် အဲ့ဒီမျတ်မှန်လေးကိုယ်မမြင်နိုင်တော့တဲ့နေရာမှာ သူ့အလိုလို ဖုန်တက်သွားရင်း ကိုယ်တောင်မသိလိုက်ခင် ပျောက်ကွယ် သွားမှာပါပဲ။ ဒါပေမယ့် ကံကြမ္မာဆိုတာ ကိုယ်ဖြစ်စေချင်တိုင်း ဘယ်တော့မှမဖြစ်တဲ့အရာပေပဲမလား။
သူကကိုယ့်ရဲ့ ပထမဆုံးအချစ်ကိုလည်း ဖျက်ဆီးပြီး အရက်စက်ဆုံးနည်းလမ်းနဲ့ အရှိတရားတွေကို ပြပေးခဲ့သလို
ကိုယ့်ရဲ့ ဒုတိယမြောက်အချစ်ကို ထပ်တူညီတဲ့ နည်းလမ်းကို
ပဲသုံးခဲ့တယ်။ လူတယောက်ကို ဓားနဲ့ရုတ်တရက် ထိုးလိုက်ရင်
မချိမဆန့်နာကျင်ရမယ်မလား။ သွေးစိမ်းရှင်ရှင်ကျ
ဆေးရုံကိုပြေးကြရတယ်မလား။ မင်းရှင်ချင်လည်း ရှင်မယ် သေချင်လည်းသေလိမ့်မယ် ဒါကတော့ မင်းဒဏ်ရာရဲ့ အတိမ်အနက်ပေါ်ပဲမူတည်တယ်။ အဲ့လိုမဟုက်ပဲ မင်းကို အသက်ရှင်ကောင်းရှင်လိမ့်မယ်ဆိုတဲ့မျော်လင့်ချက်လေးတွေ ပြပေးမယ် တနေ့နည်းနည်း နည်းနည်း မင်းရင်ထဲကို ထိုးစိုက်မယ်ဆိုရင်တော့ မင်းသိတောင်မသိလိုက်ပဲ အရာအားလုံးကို ခွင့်ပြုပေးနေမိလိမ့်မယ်။ မင်းဘယ်ချိန်သေသွားလိုက်မှန်းတောင် သိလိုက်ရမယ်မထင်ဘူး။ ဒါက ဖားကို ရေနွေးနွေးနဲ့ ပြုက်သလိုပဲလေ။ ကံတရားကလည်း အဲ့လိုပဲ ငါတို့ကို ရေနွေးနွေးလေးနဲ့ပြုက်နေတာ။ ငါတို့က အချိန်တိုင်း ငါ့တိုကို ချောက်ကမ်းပါးဆီခေါ်သွားမယ့် ဆုံးဖြက်ချက်တွေကို ငါတို့တွေ မသိလိုက်ရပဲ နေ့တိုင်းချနေရတယ်။ ပြုက်ကျသွားပြီဆိုတဲ့အချိန်ရောက်မှသာ အောက်မှာ ကိုယ့်အပိုင်းအစတွေ ကိုယ်လိုက်ကောက်ရင်း ကိုယ့်သွေးတွေ ကိုယ်ပြန်သုက်ရင်း ငါတို့ပြုက်ကျသွားခဲ့ရပြီဆိုတာ သိလိုက်ရတော့တယ်။ ငါလည်း အဲ့ဒါကို ၂၀၁၈ ခုနှစ်ရဲ့ မက်လတုန်းက ငါဘယ်လိုပြန်တက်တက် မရောက်နိုင်တော့မယ့် ချောက်ကမ်းပါးဆီ ပြုက်ကျတော့မယ်မှန်း မသိနိုင်ခဲ့ဘူး။ ဒါကြောင့်လည်း ကိုယ့်လည်ပင်းကိုယ်စွပ်မယ့် ကြိုးကွင်းဖြစ်တဲ့ Internship တောင်းခံလွှာကို ဌာနဆီသွားတင်ခဲ့တော့တယ်။ ကိုယ့်ရဲ့ ၂၆ နှစ်တာကာလ တလျှောက်လုံး အမှားတွေအများကြီးလုပ်ခဲ့တယ် လွဲချော်မှု့တွေ အများကြီးကြုံခဲ့ရတယ် ဘာတခုကိုမှ နောင်တမရမိဘူး။ နောင်လည်း လုပ်နေဦးမှာပဲ နောင်တလည်း ရမှာမဟုက်ဘူး။ ဒါပေမယ့် ကိုယ့်ဘဝရဲ့ ယူကြုံးမရဖြစ်ရဆုံး ဆုံးဖြက်ချက်က အဲ့ဒီ Internship Form လေးပဲ။ နောက်နှစ်တွေကြာလာချိန် ကိုယ်အိပ်မရတဲ့ အချိန်တိုင်း ရင်ဘက်အောက်က ရေဝဲတစ်ခု ဆုပ်ကိုင်ထားသလို နာကျင်ပြီးနိုးလာရတိုင်း အဲ့လူကို ပြင်းပြင်းထန်ထန်သတိရမိတိုင်း မလွက်မြောက်နိုင်တော့ဘူးလား ငါနောက်တယောက်ကို ထပ်မချစ်နိုင်တော့ဘူးလား ဒီလိုပဲ နာကျင်ရင်း အထီးကျန်ရင်း လွမ်းရင်းပဲ ဘဝက အဆုံးသက်သွားတော့မှာ လားလို့တွေးမိတိုင်း ကိုယ်အဲ့ဒီအချိန်ကို အသည်းအသန် ပြန်ပြေးသွားချင်မိတယ်။ ကိုယ့်ဘဝရဲ့ အချိုးအကွေ့တစ်ခု ဖြစ်ခဲ့တဲ့ 2018 ခုနှစ်ရဲ့ မတ်လ ကိုပေါ့....။
YOU ARE READING
Redemption
Short Storyအဖြူရောင်နှင်းဆီတွေ ဒေစီပန်းတွေ အဝါရောင်တွေ မျတ်မှန်တလက် မခေါ်ဖြစ်တော့တဲ့ ဖုန်းနံပါတ်လေး မပို့ဖြစ်တော့တဲ့ မက်ဆေ့တွေ မပြောဖြစ်ခဲ့တဲ့စကားလုံးတွေအကြောင်း (အစလည်းမရှိသလို အဆုံးလည်းမရှိမယ့် ဗရုက်သုက်ခ ဇာက်လမ်းတစ်ပုဒ်ပါပဲ)