Ep-23

107 4 0
                                    

Baiboonဆေးသောက်လို့ပြီးသွားတာနဲ့ နောက်တစ်ခေါက်ပြန်အိပ်ဖို့လုပ်လိုက်သည်။

"P'Kom,အိတ်ထဲကနေကျွန်တော့်ရဲ့ဖုန်းလေးကိုယူပေးလို့ရမလားဟင်? ဖုန်းအားကောရှိသေးရဲ့လားဆိုတာကိုကျွန်တော်မသိဘူး"

Baiboonကပြောလိုက်သည် ။
ဘာလို့လဲဆိုတော့သူဒီခရီးကိုရောက်လာတဲ့အချိန်ကတည်းက သူဖုန်းအားလည်းမသွင်းသလို ဖုန်းလာနေတယ်ဆိုရင်တောင်မှ အိပ်ချင်နေတာကြောင့်သူမကိုင်ဖြစ်ဘူးလေ။ Komက Baiboonရဲ့အိတ်ကိုဖွင့်လိုက်ပြီး ဖုန်းကိုထုတ်ပေးလိုက်သည်။ messageတွေအများကြီးဝင်နေတာကိုလည်း Komတွေ့လိုက်ရသည်။
ပထမနေ့Baiboonဒီကိုရောက်လာတဲ့ရက်ထဲက Phaiဆိုတဲ့ကောင်လေးက Baiboonကိုစာတွေအများကြီးပို့ထားတာကို သူမြင်လိုက်ရတော့ Komတစ်ယောက်မျက်ခုံးကိုတောင်ပင့်တင်လိုက်မိသည်။ Baiboonကသူငယ်ချင်းဆက်ဆံရေးကိုမပျက်ဆီးချင်တဲ့အတွက် စာတွေကိုဖတ်ပြီးပြန်စာပို့လိုက်လေသည်။

Line : တောင်းပန်ပါတယ် ငါအလုပ်များနေလို့
Baiboonရဲ့Line accကစာပို့လာတာနဲ့ Phaiကချက်ချင်းစာပြန်ပို့လာလေသည်။

"ဘယ်သူနဲ့စကားပြောနေတာလဲ?"
Komကမေးလိုက်သည်။

"Phaiကမနေ့ထဲကစာတွေပို့ပြီးတော့ Baiboonဘယ်ကိုသွားနေတာလဲဆိုတာမေးနေလို့ ကျွန်တော်သူ့ကိုစာပြန်ပို့နေတာ"
ကောင်ငယ်လေးကရိုးရိုးသားသားပြန်ဖြေလေသည်။

"အဲ့တော့မင်းကမအိပ်တော့ဘူးပေါ့"
Komကမေးလိုက်သည်။

"အိပ်မှာပါ ဒါပေမဲ့Baiboonခနလောက်တော့ Phaiနဲ့စကားပြောလိုက်ဦးမယ်လေ"
Baiboonကပြန်ဖြေလိုက်ပေမဲ့လည်း Komကရောက်လာပြီးတော့ Baiboonရဲ့ဖုန်းကိုယူသွားလေသည်။

"Baiboonအခုအိပ်သင့်ပြီ စာကိုပြန်မနေနဲ့တော့ နောက်ရက်ကျောင်းတက်မှပဲပြောလည်းရတယ်လေ"
Komကအေးအေးဆေးဆေးပဲပြောလိုက်တာနဲ့ Baiboonကချက်ချင်းပဲခေါင်းညိတ်ပြလာသည်။

"ဟုတ်ကဲ့ပါ"
ကောင်ငယ်လေးကပြန်ဖြေလိုက်သည်။ ဘာလို့လဲဆိုတော့သူအရမ်းပင်ပန်းနေပြီးတော့ အိပ်လည်းအိပ်ချင်နေပြီလေ။ KomကBaiboonကိုစောင်ခြုံပေးလိုက်ပြီးတာနဲ့ Baiboonရဲ့ဖုန်းကိုပါပိတ်ထားလိုက်တော့သည်။ Baiboonကတော့ဖြည်းဖြည်းချင်းပဲအိပ်ပျော်သွားတော့မှပဲ Komလည်းသက်ပြင်းတစ်ချက်ချလိုက်မိသည်။
သူ့ကိုယ်သူလည်းကျိန်ဆဲမိပြီးတော့ Baiboonကသူ့စရိုက်နဲ့ပတ်သတ်ပြီးတော့ အဆင်ပြေနိုင် မပြေနိုင်ဆိုတာကိုလည်း သူတွေးပူမိသည်။
ဒါပေမဲ့လည်း သူတို့တွေဒီလိုမျိုးအတူရှိနေတဲ့အချိန်မှာ သူ့ထက်ပိုပြီးတော့တစ်ခြားတစ်ယောက်ကို Baiboonကဂရုစိုက်နေတာမျိုးကိုလည်း Komသည်းမခံနိုင်ပါ။ အကယ်၍အဲ့လူကBaiboonနဲ့သူငယ်ချင်းဖြစ်နေရင်တောင်မှပေါ့။

Unforgotten Night [KomBaiboon]Where stories live. Discover now