Unicode..
နှင်းတို့သည် နေရာအနှံ့အပြားကျဆင်းနေပြီး ဝန်းကျင်တစ်ခွင်သည် အုံ့အုံ့မှိုင်းမှိုင်းရှိလှသည်။
ခပ်လှမ်းလှမ်းရှိ သစ်ပင်တို့ကိုပင် မမြင်ရပဲ မှုန်မှိုင်းနေသည်။အချိန်ကား စောလွန်းလှသည်။ အလွန်ဆုံးရှိလှ မနက် ၆နာရီလောက်ပင် ရှိအုံးမည်။
ဝတ်လွှာ တံခါးကို ဖွင့်ပြီး အပြင်လောကကို ငေးကြည့်မိသည်။ လေအေးအေးတစ်ချက်သည် ဝတ်လွှာကို ဖြတ်တိုက်သွားသည်ကြောင့် လက်နှစ်ဖက်ကို ယှက်ပြီး ပိုက်ထားလိုက်သည်။
အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်တော့ ဆောင်းရာသီ၏ လတ်ဆတ်တဲ့ ရနံ့ကို ခံစားမိသည်။
ဘေးဘီဝဲယာကို ဝေ့ဝဲကြည့်လိုက်ရာ ကော်ရစ်တာ၏
တစ်နေရာတွင် ထိုင်နေသော ကရီနာကို တွေ့လိုက်ရသည်။ ထိုင်ခုံတွင် ခါးကို ဆန့်ထိုင်ပြီး မျက်နှာလေးကို မော့ထားသည်။ဆောင်းရာသီ၏ အရသာကို အပြည့်အဝ ခံစားနေသည့်ဟန်။ မျက်ဝန်းပြာပြာတို့သည် ကျေနပ်မှုတို့ဖြင့် တောက်ပနေသည်မှာ ဆောင်းရာသီကို ဘယ်လောက် သဘောကျကြောင်း ပေါ်လွင်နေပေသည်။ကရီနာကို ငေးကြည့်နေရင်း ဝတ်လွှာမှာ အလိုလိုပြုံးမိသည်။ တဆက်တည်းမှာပင် ဝတ်လွှာ နှလုံးသားလေးသည် တသိမ့်သိမ့်လှုပ်ခတ်လာလေသည်။
ဝတ်လွှာ အလန့်တကြား ရင်ဘက်ကို ဖိလိုက်မိသည်။
ငယ်စဉ်ကတည်းက အခုအသက်အရွယ်ထိ တစ်ခါမှ ဒီလို ရင်ခုန်လှုပ်ရှားမှုမျိုးကို မခံစားခဲ့ရ။ဝတ်လွှာ တုန်လှုပ်သွားမိသည်။မဖြစ်သင့်ဘူးမလား..
သူ(မ)မှာလည်း .. ဝတ်လွှာဆက်မတွေးရဲတော့။ပထမဆုံး ရင်ခုန်သံသည် စောင့်ထိန်းရမည့်စည်းတို့ကြောင့်
အနည်ထိုင်သွားရသည်။နောက်ဆုံးတော့ သက်ပြင်းကိုဖွဖွ ချရင်း အခန်းတွင်းသို့သာ ပြန်ဝင်လာလိုက်သည်။
...
ကရီနာ သူမကို တစုံတယောက်က ကြည့်နေသည်ကို ခံစားမိသည်။ဟန်မပျက်နေရသော်လည်း နှလုံးသားက ခုန်နေသည်ကိုဖြင့် လိမ်လို့မရပေ။ မနေ့က ကိုယ်လုံးနွေးနွေးလေးကို ရင်ခွင်ထဲ ထွေးပိုက်စဉ် ခံစားလိုက်ရသည့် ခံစားချက်မျိုးပင်။ဆောင်းလေ၏ အအေးဒဏ်ကိုပင် မခံစားမိလောက်အောင် ရင်ခွင်ထဲ နွေးနေပေသည်။
လှည့်မကြည့်ပင်မယ့် မည်သူဆိုတာ ခံစားမိသည်။
အချိန်အတန်ကြာရပ်ကြည့်နေပြီး ထိုအရိပ်လေးမှာ အထဲသို့ ပြန်ဝင်သွားလေသည်။
YOU ARE READING
လှမ်း၍သာလာလှည့်ပါ...(Complete)