Love Murder 26 - လေလံပွဲ

705 123 2
                                    

Unicode

အလောင်းစစ်ဆေးချက်ကို ကြားရပြီးနောက် ပိုင်ယွိထန်ကို ကျန်ကျောက်က ရုံးခန်းထဲ ဆွဲခေါ်ကာ ဆိုဖာပေါ် လှဲခိုင်းပြီး ကုတ်အင်္ကျီခြုံပေးထားသည်။ ကျန်ကျောက်ခေါ်လာသော ခြင်္သေ့ပေါက်လေးကြောင့် SCI တစ်ဖွဲ့လုံး ရုတ်ရုတ်သဲသဲ ဖြစ်နေကြ၏။ လူတိုင်းက ဖက်ကြည့်ချင်ကြသည်။ ယောက်ျားရင့်မကြီးများအားလုံး ထိုအကောင်ပေါက်လေးကို တွေ့တော့ တညီတညွတ်ထဲ ပျော့ပျောင်းသွားကြသည်။
... ချစ်စရာလေးကွာ...

ထိုအချိန်တွင် ကုန်းစွန်းထံသို့ ဖုန်းဝင်လာသည်။ ကြည့်လိုက်တော့ ခေါ်ဆိုသူမှာ ပိုင်ကျင်းထန်ဖြစ်နေသည့်အတွက် သူ့ကို အိမ်ပြန်၍ အိပ်ခိုင်းတော့မည်ဖြစ်ကြောင်း သူသိနေသည်။ ထိုကြောင့် ဖုန်းကိုင်လိုက်၏။
" အင်း ပြောလေ"

အံ့ဩစရာကောင်းသည်မှာ ပိုင်ကျင်းထန် စပြောသည့်စကားက သူမျှော်လင့်ထားသလို မဟုတ်။
" မင်း SCI မှာလား... ကိုယ် အောက်ထပ်က ရဲစခန်းမှာ .. ကိုယ် အခု တက်လာခဲ့မယ်နော်"

"ဘာဖြစ်လို့လဲ"
ကျန်ကျောက်က ကုန်းစွန်းကို မေးလိုက်သည်။

" ကျင်းထန်က ဒီကို လာနေပြီတဲ့"

ကျန်ကျောက် ခေါင်းညိတ်ပြသည်။ မကြာခင် ပိုင်ကျင်းထန် ရောက်လာလေ၏။ အမြွှာနှစ်ယောက်မှာ တညလုံး အလောင်းခွဲခန်းထဲ လိုက်ကြည့်နေသဖြင့် အခုတော့ နားနေခန်းတွင် အိပ်နေကြသည်။ သူ ဝင်လာသည်ကိုမြင်၍ သူတို့နှစ်ယောက်လဲ အိပ်ရာမှ ထကာ မေးလိုက်သည်။
" အစ်ကိုကြီး.. ကျွန်တော်တို့ကို လာခေါ်တာလား"

ပိုင်ကျင်းထန်က သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်၍ ကုန်းစွန်းလက်ထဲ ချောကလက်ပြားတစ်ပြားနှင့် ဗီတာမင် တစ်ဘူး ကမ်းပေးလိုက်သည်။ ကုန်းစွန်းက လှမ်းယူတော့ ကျန်ကျောက်က ကုန်းစွန်းကို ကြည့်၏။
" ဘာလို့ ဗီတာမင်တွေ သောက်နေတာလဲ...  ကျန်းမာရေး မကောင်းလို့လား "

ကုန်းစွန်းက ပခုံးတွန့်ပြသည်။ အခုတလော သူ့သွေးတွင်းသကြားဓာတ် နည်းနေသည်က ပိုဆိုးလာကာ ခေါင်းမူးတတ်လာသည်။ မနေ့ကမှ ဆေးကုန်သွားသည့်အတွက် ပိုင်ကျင်းထန်ကိုယ်တိုင် လာပို့ခြင်းဖြစ်၏။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now