Love Murder 22- ကံတရား

683 113 1
                                    

Unicode

အဆိုပါဥရောပစတိုင် အိမ်ထဲတွင် ဒုတိယထပ်နှင့် အပြင်ဘက်ကို ဆက်သွယ်ထားသည့် လျှောက်လမ်းလေး တစ်ခုရှိသည်။ ပိုင်ယွိထန်က နံရံနောက်တံခါးမှ လျှောက်လမ်းထဲ ဖြတ်သွားလေ၏။ ကျန်ကျောက်ကို စိတ်မပူဖို့ ပြောခဲ့သော်လဲ ကျန်ကျောက်က ဘယ်လိုလုပ် ဒီအတိုင်းထားခဲ့လို့ရမှာလဲ... ထို့ကြောင့် ခြင်္သေ့ပေါက်လေးကို ပိုက်ရင်း အပြင်ထွက်ကြည့်ရန် ကြိုးစားသော်လဲ ရုတ်တရက် တစ်စုံတစ်ယောက်က သူ့ပခုံးကို လာပုတ်သည်။

ကျန်ကျောက် အလန့်တကြားနှင့် လှည့်ကြည့်လိုက်တော့ သူ့နောက်တွင် ဘယ်အချိန်ထဲက ရောက်နေမှန်း မသိသော ကျောက်ကျွယ် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ သို့သော် ကျောက်ကျွယ်က သူ့ကို တိုးတိုးနေရန် နှုတ်ခမ်းကို လက်ညိုးနှင့်ပိတ်ပြနေသည်။

ကျန်ကျောက်က ခဏတာမျှ မျက်မှောင်ကျုံ့၍ စဉ်းစားနေပြီးနောက် ရုတ်တရက် ထပြောသည်။
" ခင်ဗျား ကျွန်တော်တို့နှစ်ယောက်ကို ဒီအထိ တမင်ခေါ်လာတာ .. ရှောင်ပိုင့်ကို အဲ့ဒီ့လူနဲ့ ပေးတွေ့စေချင်လို့လား"

ကျောက်ကျွယ်က ပခုံးအသာတွန့်သည်။
" လူတစ်ယောက်ကို သင်ခန်းစာပေးချင်လို့ မင်းရဲ့ကျားပေါက်လေးကို ခဏငှားတာလေ.. အရမ်း ကပ်စေးမနဲပါနဲ့ကွာ"

ကျန်ကျောက်က နားမလည်နိုင်သလို ပြန်ကြည့်ရင်း မေးလိုက်သည်။
" ဘယ်သူလဲ.. ရှောင်ပိုင့်ကို အကြာကြီး တိုက်ခိုက်နိုင်မှာမို့လို့လား"

ကျောက်ကျွယ်က မျက်မှောင်ကျုံ့၍ ပြောလိုက်သည်။
" စိတ်ချပါ.. မင်းရဲ့ကျားပေါက်လေးကို သူ ဘာမှလုပ်မှာမဟုတ်ပါဘူး"

ထို့နောက် အပြင်တွင် ဆူညံသံများ ထွက်ပေါ်လာသည်။ ကြည့်ရတာ တစ်စုံတစ်ယောက် ခုန်ချထွက်ပြေးသွားပုံရ၏။ ချက်ချင်းပင် ကျောက်ဟူနှင့် မာဟန်တို့က ထအော်သည်။
" ဘယ်သူလဲ"

ခဏအကြာတွင် ပိုင်ယွိထန်၏ အသံထွက်ပေါ်လာ၏။
" ဟိုဘက်ကနေ ပိတ်ထား... ဒီလူကို မလွတ်စေနဲ့"

ကျန်ကျောက် ငြိမ်ငြိမ်လေး မထိုင်နေနိုင်တော့။ ခြင်္သေ့လေးကို ပိုက်ထားရင်း အောက်ထပ်ကို ပြေးဆင်းသွားသည်။ ကျောက်ကျွယ်ကတော့ မီးလင်းဖိုနားရပ်ရင်း ပြုံးကြည့်ကာ ပြန်ထွက်သွားလေ၏။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now