chapter -92-[ချန်းမိသားစုရဲ့အိမ်တွင်းပဋိပက္ခများ]

2.3K 276 1
                                    

chapter -92-[ချန်းမိသားစုရဲ့အိမ်တွင်းပဋိပက္ခများ]

ချန်းမိသာစုတွင် _

" အဖေ ကျွန်တော်ရေနစ်နေချိန် ဘေးမှာပဲ မရပ်တည်ပေးနိုင်ဘူးလား ။ ကျင်းက အဖေ့ရဲ့မြေး ကျွန်တော့်သားပါ "

ချန်းရှို့ရှင်း စိတ်လှုပ်ရှားစွာပြောလာသည် ။

ချန်းကျင်းရဲ့ဦးလေး ချန်းရှို့ရန်ကတော့ အေးစက်နေတဲ့မျက်နှာထားဖြင့် ပြောသည် ။

" အဖေ ကျွန်တော့်ရဲ့တူ ချန်းကျင်းက စာလေ့လာလို့ရတဲ့သူမဟုတ်ဘူးလို့ ကျွန်တော်ပြောပြီးသားပဲ သူက ထုန်ရှန်းဘွဲ့ရလာတာတောင် ကံကောင်းနေပြီ ရှုခိုင်ဖြစ်လာနိုင်ဖို့ လမ်းမရှိဘူး ။ ကျွန်တော်တို့ သူ့ရဲ့ကန့်သတ်ချက်ကိုသိသင့်တယ် ။ "

ချန်းရှို့ရှင်းက ချန်းရှို့ရန်ကို ဒေါသတကြီးကြည့်လိုက်သည် ။

" တတိယညီ မင်းအဲ့ဒါ ဘာကိုဆိုလိုတာလဲ "

ချန်းရှို့ရန်က ခွန်းတုံ့ပြန်လာသည် ။

" အစ်ကိုကြီး ချန်းကျင်းကအခုငွေပြား ၁၀၀ အကြွေးတင်နေတာ ။ သူ့အကြွေးကိုဆပ်ပေးဖို့ဆို အနည်းဆုံးငါတို့လယ်မြေတွေတစ်ဝက်ကို ရောင်းလိုက်ရလိမ့်မယ် ။ အစ်ကိုကြီး တခြားမိသားစုဝင်တွေအတွက်ရော စဉ်းစားမိသေးရဲ့လား ။ ကျွန်တော်တို့ အနာဂတ်နဲ့ပတ်သတ်ပြီးတော့ရော စဉ်းစားပြီးပြီလား ။ မင်းရဲ့သားကိုကယ်တင်ပြီး ငါတို့ကိုတော့ ငတ်သေသွားစေချင်နေတာလား "

ချန်းရှို့ရှင်းက ဝန်ခံလိုက်ဖို့ဝန်လေးနေသည် ။

" မင်းပြောသလောက်တော့ ဘယ်လိုပြင်းထန်နိုင်ပါ့မလဲ "

" ငွေပြား ၁၀၀ က မလေးနက်သေးဘူးလား ။ စိတ်မရှိပါနဲ့ အစ်ကိုကြီး မင်းဒါကိုမပြင်းထန်သေးဘူးလို့ထင်ရင် အကြွေးတွေကိုကိုယ့်ဘာသာဆပ်လေ ။ ငါတို့မိဘတွေဆီမှာ တောင်းရမ်းမနေနဲ့ "

" ကျင်းက မင်းရဲ့တူလေ သူသေတာကို တွေ့ချင်နေတာလား ။ ဘာလို့ ဒီလောက်တောင်ရက်စက်ကြမ်းကြုတ်ရတာလဲ "

ချန်းရှို့ရန်က မကျေမနပ်ဖြင့်ပြောသည် ။

" အစ်ကိုကြီး ဒီလိုဆိုးဆိုးရွားရွားဒုက္ခတွေဖြစ်စေတဲ့သူက မင်းရဲ့သားနော် အခုငါ့ကို ရက်စက်တယ်ဆိုပြီး ပြောနေသေးတယ် ။ "

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now