p - 11

731 44 0
                                    

Unicode..


2037ခုနစ်//

ငယ် ကျောင်းကနေ အဆောင်ကို လမ်းလျှောက်ပြန်လာသောအချိန်သည် ၁၁နာရီခန့်သာ ရှိသေးသည်။
အဆောင် လမ်းသည် ကုက္ကိုလ်ပင်ကြီးတွေနှင့် အုပ်အုပ်ဆိုင်းဆိုင်းရှိလှသည်။
အပင်ကြီး၏ အမြစ်တွေသည် လမ်းဘေးတွင်မြေပြင်ပေါ်သို့ ထိုးထွက်နေပေသည်။
ပထမဆုံး အဆောင်ရောက်လာသည့် အချိန်ကလိုပင် ထိတ်လန့် တုန်လှုပ်မှုကို ပေးစွမ်းနိုင်ဆဲပင်။

ကျောင်းသူတွေ ဟိုတစ်စုသည်တစ်စုနှင့် အဆောင်ကို ပြန်နေကြသော်လည်း ငယ်နှင့် ခပ်လှမ်းလှမ်းမှာ ဖြစ်သည်ကြောင့် ငယ်တစ်ယောက်တည်း လျှောက်လာလိုက်သည်။

ဝဲကျလာသော ဆံနွယ်တွေကို သပ်တင်လိုက်စဉ် လေပြင်းတစ်ချက် တိုက်ခတ်လာသည်ကြောင့် ကုက္ကိုလ်ပင်ပေါ်နားနေသော ကျီးကန်းသည် အလန့်တကြား ထပြန်သွားလေသည်။

ငယ်လည်း လန့်သွားပြီး ခြေလှမ်းတို့ကို အရှိန်မြှင့်လိုက်သည်။

...

" ငယ်လေး ဒီမှာ အိမ်က အသီးတွေ ထည့်ပေးလိုက်တယ် ယူစားနော်"

ငယ် အခန်းထဲပြန်ရောက်ပြီး မကြာသေးသည့်အချိန်တွင် ဆူးရစ်က သစ်သီးထုတ်တွေ ဆွဲပြီး ဝင်လာရင်း ပြောသည်။

" ဟုတ်"

အလုံးကြီးကြီး ပန်းသီး သုံးလုံးကို သပ်သပ်ယူသွားသည်။ကျန်တာတွေကို ပန်းကန်ထဲ ထည့်ပြီး ဗီရို အပေါ်ဆင့်ထဲ ထည့်ထားလိုက်သည်။အဆောင်က ဗီရိုနှစ်လုံးပေးထားပြီး ဆူးရစ်နှင့် ငယ်တို့က ဘာမှ မထည့်သည့်အတွက် ဗီရိုတွေက လွတ်နေသည်။

ငယ်နှင့် ဆူးရစ်သည် နှစ်ယောက်စလုံးအနေအထိုင် သပ်ရပ်သည်ကြောင့် သူတို့နှစ်ယောက်၏ အခန်းမှာအစဉ်သဖြင့် ရှင်းလင်းနေတတ်သည်။

" မ အသီးတွေ ဘုရားကပ်မလို့လား ငယ်လည်း လိုက်ခဲ့မယ်"

" လာလေ ငယ်လေး"

ဆူးရစ်မနိုင်မနင်းဖြစ်နေသည့် ပန်းကန်ပြားနဲ့ ဓားကို ကူသယ်ပေးလိုက်သည်။

ဘုရားခန်းဘေးက ဘေစင်ဆီရောက်တော့ ဆူးရစ်က  ပန်းသီးတွေကို သေချာရေဆေးနေသည်။ ငယ်လည်း ဘာလုပ်ရမှန်း မသိတာနှင့် ဆူးရစ်ကိုသာ ကြည့်နေလိုက်သည်။

လှမ်း၍သာလာလှည့်ပါ...(Complete)Where stories live. Discover now