chapter -75-[စေ့စပ်ကြောင်းလမ်းမှုသတင်း ]

Start from the beginning
                                    

အဖွားရှန်ဆွံ့အနေသည် ။လုလင်း ကျန်းရှုဟယ်ကိုအလုပ်ခန့်ဖို့ ရည်ရွယ်ချက်မ‌ရှိသော်လည်း ရွာသားတွေက သတင်းတုကိုစတင်ဝယ်ယူနေကြသည် ။

" လုလင်းက ငါ့နေရာမှာအစားထိုးဖို့ လူသစ်ထည့်ဖို့ စီစဉ်နေမယ်လို့တော့ ငါတကယ်မထင်ပါဘူး ။ "

......................

ရွာမှကလေးငယ်တွေက နွေရာသီအပူဒဏ်ကိုရှောင်ရှားဖို့ ရွာအဝင်ကသစ်ပင်ကြီးအောက်မှာ အပန်းဖြေရတာကို သဘောကျသည် ။

" ရား .... ရှန်ချီပြန်လာပြီ ။ "

ကျန်းတာ့ပေါင်က ကျန်းရာကိုပြောသည် ။

ကျန်းရာခေါင်းညိတ်လိုက်ပြီး မောက်မာစွာပြောသည် ။

" ကောင်းတယ် ၊ သူ့အဖွားအလုပ်ထုတ်ခံလိုက်ရတယ်လို့ကြားတယ် ။ "

အရင်က လုလင်း ကျန်းရာရဲ့အမေ မာရှီးကို ငြင်းပယ်လိုက်တာကြောင့် ထိုစဉ်ကတည်းက အငြိုးထားခဲ့သည် ။

ချန်းရှောင်ခိုင်နဲ့ရှန်ချီရဲ့ သတင်းကိုမာရှီးပြုလုပ်တာမဟုတ်ပေမယ့် မီးလောင်ရာလေပင့်အနေဖြင့် သတင်းတွေကူဖွပေးခဲ့သည် ။

ကျန်းရာ၏အတွေးထဲတွင် -

' အဖွားရှန်ကအသက်ကြီးနေပြီး ရှန်ချီက ကောတစ်ယောက် လေးလံပင်ပန်းတာတွေမလုပ်နိုင်ဘူး ။ အလုပ်ထုတ်ခံရတာက သာမန်ပဲ အလုပ်ကိုကြာကြာထိန်းထားနိုင်ရင်သာ ပုံမှန်မဟုတ်တာ။ '

" ငါ့အမေနဲ့အဒေါ်က လုလင်းဆီမှာပန်းထိုးပစ္စည်းတွေရောင်းတာ ဝင်ငွေအများကြီးရတယ် ၊ ငါကြားတာတော့ အဖွားရှန်က ပိုပြီးတောင် ဝင်ငွေများသေးတယ်တဲ့ ။ "

တာ့ပေါင် ပြောသည် ။

ကျန်းရာနှုတ်ခမ်းစူပြီး ကိုယ့်ဘာသာတွေးလိုက်သည် ။

" အဖွားရှန် ဝင်ငွေအများကြီးရတော့ရော ဘာဖြစ်လဲ အခုပဲ သူအလုပ်ပြုတ်သွားပြီလေ ။ "

" ချန်းရှောင်ခိုင်က ရှန်ချီနဲ့တကယ်ရင်းနှီးတာလား ။ "

" တကယ်ပေါ့ သူတို့က အတူတူက‌စားကြတဲ့ဟာကို "

" ဒါက အတူတူကစားကြရုံပဲပေါ့ ။ "

လက်ထပ်ကြောင်းလှမ်းစာကိုထုတ်ပေးရာတွင် အောင်သွယ်တော်ကောင်းတစ်ဦးလိုအပ်သည် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now