ထိုစဥ် ဘာဒါအပြင်က ပြန်ရောက်လာတယ်။ အခန်းထဲချောင်းကြည့်လိုက်တော့ မီယွန်းရောက်နေတယ်။ ဝင်မလို့လုပ်တုန်း
မီယွန်းက
''ဆိုယွန်း အထက်တန်းကျောင်းက အချစ်ဦးနဲ့အသက်ကြီးမှတွေ့ပြီး အဆင်ပြေဖို့ဆိုတာ လွယ်တာမဟုတ်ဘူးနော်''
ဘာလဲ အချစ်ဦးအကြောင်းပဲလား မဝင်သွားပဲ ဒီတိုင်းနားထောင်နေလိုက်တယ်။
''အသက်ကြီးမှတွေ့လည်း ဘာလုပ်ရမှာလဲ နောက်ကျသွားပြီဟေ့ သူလည်းငါ့ကိုမချစ်ဘူး''
''နင်ဘယ်လိုသိလဲ အဲဒါကြောင့် ငါပြောသားပဲ ဘာဒါကိုပြောပြလိုက်လို့''
ဟင် ဘာပြောမှာလဲ အချစ်ဦးနဲ့ပြန်တွေ့လို့ ကွာပေးပါပေါ့🙄 ရမလား စဥ်းစားကြလေ😒။ဆိုတော့ ဒင်းကလေးက အချစ်ဦးနဲ့မဖြစ်နိုင်တော့လို့ ညဘက်ကြီး မိုးရေထွက်ခံပြီး အသဲကွဲနေတာပေါ့။ အိမ်က လင်ငုတ်တုတ်နဲ့ကိုလေ ဟားးးး ။

ဆက်မကြားချင်တော့လို့ အကြောင်းအရင်းလည်း သိရပြီမို့ ချောင်းတစ်ချက်ဟန့်ပြီး ဝင်သွားလိုက်တယ်။
''မီယွန်းရောက်နေပြီကိုး ကျေးဇူးပါနော် ဒီရက်ပိုင်း အလုပ်အရမ်းများနေလို့''
ပြောပြီး ဆိုယွန်းနားထိုင်ပြီး နဖူးကိုစမ်းလိုက်တယ်။ သူ့နဖူးသူပြန်စမ်းပြီး
''အပူကျသွားပြီပဲ ဘာစားချင်လဲ မီယွန်းရော ဘာစားမလဲ မှာလိုက်ကြ''
ပြောပြီး အဝတ်အစားလဲဖို့ ကိုယ့်အခန်းဘက်ထွက်လာတော့ မီယွန်းပြောတာ တစ်စွန်းတစ်စကြားရတယ်
''ဆိုယွန်း နင်မလိုချင်ရင် နင့်ဘဲကြီးကို ငါ့ကိုပေး ကြင်နာတတ်လိုက်တာဟယ် နဖူးလေးစမ်းပြီး အဟိ''
'' ဟဲ့ တိုးတိုးပြော''
''ကြားသွားလောက်လား ''
''မသိဘူး ကြားရင်လည်းကြားမှာပေါ့''

ညနေစောင်းလောက်တော့ မီယွန်းပြန်သွားတယ်။ ဘာဒါကလည်း ဆိုယွန်းဘာဖြစ်လဲသိသွားပြီဆိုပြီး ထိုအကြောင်းထပ်မမေးတော့။
ဆိုယွန်းကလည်း ပြောပြစရာမလိုဘူးထင်တာကြောင့် မပြောပြဖြစ်တော့..

ညကျ ဆိုယွန်းကို ဘာဒါက လှမ်းမေးတယ်။
''ဆိုယွန်း''
''ဟင် ''
''အဲ့အချစ်ဦးကို အခုရော ချစ်သေးလား''
မေးပြီး ဆိုယွန်းကိုသေချာစိုက်ကြည့်မိတော့
''မချစ်ချင်တော့ဘူး..''
မျက်ရည်ဝဲပြီးဖြေတာ သိရတော့ ရင်ထဲမကောင်းဘူး။ ဘာပဲပြောပြော သူနဲ့က အိမ်ကပေးစားတာဆိုတော့ သူ့ခမျာ အိမ်ကိုမလွန်ဆန်နိူင်လို့ ယူလိုက်ရတာထင်တယ်။ သူလည်းခံစားနေရမှာပေါ့။ ဘာဒါတွေးရင်း စိတ်တွေရှုပ်ထွေးနေတယ်။ တကိုယ်ကောင်းဆန်သလိုဖြစ်နေပြီလား။ အစကတော့ ငါကသာ ပိုင်ဆိုင်ထားသူဆိုပြီး ဂရုစိုက်စရာမလိုဘူးလို့တွေးနေပေမယ့် ဆိုယွန်းဝမ်းနည်းနေတာမြင်တော့ လက်လွှတ်ပေးလိုက်ရမလားလို့တွေးရင်း အတွေးတွေလွန်ဆွဲနေတယ်။ အခုနေ ဆိုယွန်းကိုချစ်လားမေးရင် သူသေချာမသိပါ။ သြော် ချစ်တယ်ဆိုတာ ဒီလိုလားလို့ပဲဖြေမိမှာမို့လို့.. ဒါပေမယ့် ဆိုယွန်းမရှိပဲလည်း သူနေနိုင်တော့မယ်မထင်ပါ။(အဲဒါချစ်နေတာလေ အစ်မရေ
အချစ်ဦးလို့ကြားတိုင်း နောက်တယောက်လို့ထင်ပြီး ကိုယ့်ဘာသာပြိုင်နေသောသူတစ်ဦးရှိနေ😂😂)

ချစ်မိသော ပင်လယ် Where stories live. Discover now