chapter -74-[ပျော်ရွှင်မှုကိုထက်သန်စွာဖြည့်ဆည်းပေးခြင်း ]

Start from the beginning
                                    

လုလင်းရွာပြန်ရောက်တဲ့အခါ ချန်းရှောင်ခိုင်ကိုလက်ထပ်ဖို့လာကမ်းလှမ်းကြတဲ့သူတွေက ရွာမှာ စိတ်မချမ်းမြေ့စရာ ကောလဟာလတွေဖြန့်နေကြောင်း တွေ့ရှိခဲ့သည် ။

အခုဆို ချန်းရှောင်မီနဲ့လုလင်းက မြို့မှာအလုပ်လုပ်နေကြပြီ ဖြစ်ကာ ချန်းရှောင်ခိုင်ရဲ့အနာဂတ်လက်တွဲဖော်က အဆင့်အတန်းမြင့်မားလာမည်ဖြစ်ပြီး ရွာသားတွေက လက်ထပ်ထိမ်းမြားဖို့ကောင်းမွန်တဲ့သူဟု စတင်ထင်မြင်နေကြသည် ။

ချန်းရှောင်ခိုင်နဲ့ ရှန်ချီကလည်း တစ်ခုခုဖြစ်နေနိုင်သည် ဒါကြောင့်မို့ လုလင်း လူတိုင်းကို ငြင်းပယ်နေခြင်းပင် ။

ရှန်ချီ့ကို ပိုးစိုးပက်စက် ဆဲရေးတိုင်းထွာကြတာကြောင့် လုလင်း ထိုသနားစရာကလေးငယ်အတွက် အလွန်စိတ်မကောင်းဖြစ်မိသည် ။ သူတို့က ရှန်ချီကချန်းရှောင်ခိုင်ကို မြူဆွယ်ဖျားယောင်းနေတာ လို့လည်းပြောကြသည် ။

ချန်းရှောင်ခိုင် မွေးကတည်းက ရွာသားတွေက သူ့အပေါ်ရင်းနှီးဖော်ရွေမှုကင်းမဲ့နေတာကြောင့် အခုမြို့မှာနေထိုင်လာနိုင်တဲ့အခါ သူ့ကိုရွာသားတွေဘာပြောပြောစိတ်ထဲထားမနေပေ ။ သို့သော် ရှန်ချီက ကွာခြားသည် သူကငယ်ရွယ်ပြီး အပြစ်ကင်းစင်တဲ့သူ‌ဖြစ်သည် ။ လုလင်း ရှန်ချီ့ရဲ့စိတ်တွေ ထိခိုက်နာကျင်နေမှန်း ခံစားမိသည် ။

ပြီးတော့ ရှန်ချီကကလေးသာသာ ရှိသေးတာမို့ တစ်ရွာလုံးက သူ့ကိုဘက်ပေါင်းစုံဝေဖန်တိုက်ခိုက်လာတဲ့အခါ အောင့်သက်သက် ခံစားနေရလိမ့်မည်။

လုလင်း ရှင်းပြနေတာကိုနားထောင်ပြီး ချန်းရှောင်မီ မကျေမနပ်ဖြင့်ပြောလာသည် ။

" သူတို့ဘယ်လိုတောင် ချီ့ရဲ့နံမည်ကိုဖျက်လိုဖျက်ဆီးလုပ်နိုင်ရတာလဲ ။ ဒီအဓိပ္ပာယ်မရှိတဲ့ကိစ္စကြောင့် အနာဂတ်မှာချီ တစ်စုံတစ်ယောက်ကိုရှာဖို့ ဘယ်လောက်တောင်ခက်ခဲသွားနိုင်မလဲဆိုတာ မင်းတွေးကြည့်လိုတောင်ရမှာမဟုတ်ဘူး ။"

" တကယ်ကြီးလား "

လုလင်းရဲ့အမေးကို ချန်းရှောင်ခိုင် ခေါင်းညိတ်ပြလိုက်သည် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now