chapter -73-[Popular Cai]

3.1K 385 7
                                    

chapter -73-[Popular Cai]

" ခိုင့်အတွက်စီစဉ်ပေးဖို့ စောပါသေးတယ် ။ "

" လက်ထပ်ဖို့စောနေသေးပေမယ့် စေ့စပ်‌ထားဖို့တော့ စ‌ဥ်းစား‌သင့်တယ် ။ ခိုင့်အတွက် ပြီးပြည့်စုံတဲ့လက်တွဲဖော်ရဖို့ အမြဲစီစဉ်ထားဖို့လိုအပ်တယ် ။ "

မော်ဒန်ခေတ်မှာ ကျောင်းက‌ ကလေးတွေ ချိန်းတွေ့ဖို့အတွက် မိဘတွေဘယ်လောက်တောင်တားမြစ်ကြသလဲဆိုတာ မစဉ်းစားပဲမနေနိုင်ပေ ။ သို့သော် တက္ကသိုလ်က ဘွဲ့ရပြီးတာနဲ့ သားသမီးတွေကိုလက်ထပ်ပေးဖို့အလျင်စလိုလုပ်လာကြသည် ။ အသက်သုံးဆယ်အထိ အိမ်ထောင်မကျသေးရင် မင်းရဲ့မိဘတွေသာမက လူ့အဖွဲ့အစည်းတစ်ခုလုံးကပါ အပြစ်တင်ဝေဖန်လိမ့်မည် ။ ပြီးတော့ မင်းက လက်တွဲဖော်ရွေးချယ်တဲ့အခါ စံနှုန်းသတ်မှတ်ချက်တချို့ရှိနေရင် လူတွေက မင်းကို ဆိုးရွားစွာ ဝေဖန်ကြလိမ့်မည် ။
(T/N စံနှုန်းသတ်မှတ်ချက်အကြောင်း သိပ်နားမလည်ဘူး)

သို့သော် လုလင်းက အိမ်ထောင်ရေးဟာ အလျင်စလိုပြုလုပ်ရတဲ့အရာမဟုတ်မှန်း သိသည် ။

ချန်းရှောင်မီ မျက်လုံးမှိတ်လိုက်သည် ။

" ဒါပေမယ့် ကျန်းရဲ့သမီးကို လက်ဖွဲ့ငွေပေးဖို့တော့ ဘယ်နည်းနဲ့မှမစဉ်းစားဘူး ။ "

ချန်းရှောင်မီက ကျန်းတွေရဲ့အကြောင်းကို နည်းနည်းသိသည် ။ သူက ရွာမှာနံမည်ဆိုးနဲ့ကျော်ကြားတဲ့ကြွက်စုတ်ပင်။ သူ့သမီးက မိန်းမကောင်းလေးဆိုရင်တောင် ချန်းရှောင်မီ ခိုင့်ကို သူ့သမီးနဲ့ ထိမ်းမြားပေးဖို့ သဘောမတူပေ ။

" ဒါကြောင့် ကိုယ်သူ့ကိုဘာမှကတိမပေးလိုက်ဘူး ။ "

လုလင်းက ကျန်းအဒေါ်က ရှောင်ခိုင့်ကိုမျက်စိကျနေတယ်လို့သာ တွေးမိပေမယ့် သူမှားသွားသည် ။ လူတချို့က အတော်လေး လက်ထပ်ခွင့်တောင်းလာကြကြောင်း တွေ့ခဲ့သည် ။ တကယ်တော့ ဒါဟာ အပြုအမူကောင်းဖြစ်အောင် အမည်ခံသပ်သပ်ပင် ။ သူတို့သမီးတွေကိုဆိုင်ခေါ်လာပြီး ချန်းရှောင်ခိုင်ကို ကျပန်းမေးခွန်းတွေမေးခိုင်းတာဖြစ်သည်။ ပြီးတာနဲ့ ဆိုင်ကနေပြန်တဲ့အခါ လုလင်းကိုနှုတ်ဆက်စကားများ ဖလှယ်ကြလိမ့်မည် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now