"ဘာမှမဟုတ်ပါဘူး အဲ့ဒါကဒီနေ့Baiboonကကျွန်တော့်အိမ်မှာလာအိပ်တာမို့လို့ပါ"
Komကတည်ငြိမ်စွာပဲပြန်ဖြေလိုက်ပေမဲ့လည်း Kamolကတော့မျက်လုံးကိုမှေးပြီးကြည့်လာသည်။"မင်းကိုကြည့်ရတာ Baiboonနဲ့တော်တော်ရင်းနှီးတဲ့ပုံရတာပဲ အဲ့ကလေးကိုမင်းအိမ်မှာတောင်ပေးအိပ်တဲ့အထိဆိုတော့လေ ပုံမှန်ဆိုရင်မင်းရဲ့ကိုယ်ပိုင်နေရာကို တစ်ခြားလူတွေလာနေတာကိုမကြိုက်ဘူးလေ ဟုတ်တယ်မလား?"
Kamolကသံသယစိတ်နဲ့မေးလိုက်သည်။"ဆရာကP'Komကို Baiboonကိုစောင့်ရှောက်ပေးဖို့ပြောလိုက်ထဲက သူတို့တွေအရမ်းရင်းနှီးသွားကြတာပဲလေ"
Lopကပြုံးပြီးပြန်ဖြေလာသည်။ဖြောင်း....
LopကKomဆီကနေရုတ်တရပ်ပဲခေါင်းကိုအရိုက်ခံလိုက်ရပြန်ပါပြီ။
"တစ်ခါတစ်လေကျရင် Baiboonကိုအိမ်မှာလာကစားဖို့အိပ်ဖို့ကို ကျွန်တော်ပဲပြောထားတာပါ အကြိမ်တော်တော်များများလည်း ကျွန်တော့်အိမ်မှာသူလာအိပ်ပြီးသွားပါပြီ တစ်ခြားလူတွေထက် ကျွန်တော်သူ့ကိုယုံပါတယ် အဲ့ဒါကြောင့်ကျွန်တော်အရမ်းစိတ်မပူပါဘူး"
Komကမေးခွန်းအတွက် အဖြေကိုရွေးပြီးဖြေလိုက်သည်။ ဘာလို့လဲဆိုတော့သူBaiboonကိုယုံပါသည်။ အဲ့ဒါကြောင့်လည်းသူ့ရဲ့ကိုယ်ပိုင်အနားယူတဲ့နေရာကိုဝင်ခွင့်ပေးထားပြီး Baiboonအပေါ်မှာရှိတဲ့သူ့ခံစားချက်တွေကိုတော့ဖုံးကွယ်ထားမိသည်လေ။"ကောင်းပါတယ် ပြောသလောက်လည်းထူးဆန်းတာမျိုးတော့မဟုတ်ပါဘူး Baiboonကတကယ်ပဲမင်းနဲ့ရင်းနှီးတာပဲ ဒါနဲ့Kimကကော သူရဲ့အချစ်ဆုံးသားလေးကို မင်းကမင်းအိမ်မှာခေါ်အိပ်တယ်ဆိုတာကိုသိရဲ့လား?"
အကယ်၍ Kimသာသိသွားလို့ကတော့ ဖြစ်လာမဲ့ပုံစံကိုပုံဖော်ကြည့်ရင်း Kamolကမေးလိုက်သည်။"KhunKim ကမသိသေးပါဘူး"
Komကပြန်ဖြေလိုက်သည်။ ဒါကပထမဆုံးအကြိမ်အနေနဲ့ သူ့သူဌေးနဲ့သူ့တပည့်တွေအရှေ့မှာ သူ့မျက်နှာပူရမိခြင်းဖြစ်သည်။
Komကြိုးစားပြီးတော့ တစ်ခြားလူတွေရှေ့မှာပဲ သူ့ခံစားချက်တွေကိုကြိုးစားပြီးဖုံးကွယ်နေမိသည်။"ဟုတ်ပါပြီ ဒါဆိုလည်းမင်းပြန်ပြီးတော့ Baiboonကိုသွားတွေ့တော့လေ ငါတစ်ခြားလူတွေနဲ့ပဲအလုပ်ဆက်လုပ်လိုက်မယ်"
Kamolကပြန်ပြောသည်။
YOU ARE READING
Unforgotten Night [KomBaiboon]
RomanceUnforgotten Night ကိုကြည့်ဖူးတဲ့လူတိုင်း P'Komနဲ့ Baiboonတို့ကိုသိကြမှာပါ သူတို့နှစ်ယောက်ရဲ့ side storyလေးပါ စုစုပေါင်းအပိုင်း30ပါဝင်မှာပါ ❗❗❗Age gapပေါ်မှာsensitiveဖြစ်တယ်ဆိုရင်မဖတ်စေချင်ပါဘူး❗❗❗ Original author - Yeonim All credit goes to the Auth...