chapter -72-[တစ်စုံတစ်ယောက်တော့ ခိုင့်ကိုမျက်စိကျသွားပြီ]
ခုတလော ရွာမှာရှိတဲ့လူအတော်များများက လုလင်းနဲ့စီးပွားရေးအတူလုပ်ကိုင်ကြသည် ။ အဲ့ဒီကနေတစ်ဆင့် သူတို့ဝင်ငွေတွေက တကယ်အများကြီးရရှိခဲ့သည်။
အရင်က ပန်းထိုးပစ္စည်းပြုလုပ်သောရွာသားတွေက မြို့မှာသွားရောင်းချရပြီး ဝယ်သူတွေက ဈေးနှိမ်ပြီးပေးတတ်တာကြောင့် အမြတ်အစွန်းကအနည်းငယ်သာရခဲ့သည် ။ သို့သော် စီနိုစီးပွားရေးအိမ်က သူ့တို့ရဲ့ပန်းထိုးပစ္စည်းကိုလက်ခံတဲ့အခါ သင့်တင့်မျှတသောဈေနှုန်းကိုအမြဲတမ်း ပေးသည် ။ အခြေခံအားဖြင့် လက်ရာကောင်းမွန်ပါက မည်သူမှမငြင်းဆန်နိုင်တဲ့ဈေးနှုန်းကိုပေးလိမ့်မည် ။
ရွာသားတွေက ငွေရှာကြပြီးတာနဲ့ ချန်းညီအစ်ကိုနဲ့လုလင်းအကြောင်းကိုစပြောလာကြတော့သည် ။
ခြံဝန်းထဲမှာပန်းထိုးသမတွေစုရုံးပြီး ပန်းထိုးနေကြသည် ။
" အရင်နှစ်ရက်က ငါ့ယောက်ျား ငါလုပ်ထားတဲ့ပန်းထိုးပစ္စည်းတွေကိုရောင်းဖို့ စီနိုစီးပွားရေးအိမ်ကိုယူသွားတယ်လေ ၊ သူဘာတွေ့ခဲ့တယ်လို့နင်တို့ထင်လဲ ။ "
" သူဘာတွေ့ခဲ့လို့လဲ ၊ ပြောသာပြောလိုက်စမ်းပါအေ ။ "
" ဆိုင်ထဲမှာ လဆန်းပုံယပ်တောင်လို့ခေါ်တဲ့အရာတွေ တွေ့ခဲ့တယ်တဲ့ ။ ယပ်တောင်ကို အဝတ်စနဲ့ချုပ်ထားပြီး အပေါ်မှာရှိတဲ့ ပန်းထိုးက ငါလုပ်ထားတဲ့ဟာ ။ငါထင်တာတော့ ငါတို့ရဲ့ ပန်းထိုးတွေအားလုံးက ယပ်တောင်အတွက်လုပ်ရတာဖြစ်မယ်။ "
" ငါတို့လုပ်ထားတဲ့ ပန်းထိုးတွေက ယပ်တောင်အတွက်လုပ်ရတာလို့လည်းကြားတယ် ။ အရင်ရက်တွေတုန်းက တစ်ခုကို ဆင့်၂၀၀ နဲ့ရောင်းပေမယ့် အခုတလော နည်းနည်းဈေးကျသွားတယ် ၊ ဒါပေမယ့်လည်း ဈေးကြီးနေတုန်းပါပဲ ။ "
" တစ်ခုကို ဆင့် ၂၀၀! အဲ့ဒါ တကယ်ကိုဈေးကြီးတယ် ။ မြို့ကလူတွေ ဘာတွေတွေးနေကြလည်းတော့မသိဘူး ။ ဒီငွေပမာဏနဲ့ဆို ထန်းရွက်ယပ်တောင်ကို ဒါဇင်နဲ့ချီပြီးဝယ်လိုက်လို့ရနေပြီ ။ "
YOU ARE READING
ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)
FantasyAuthor. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fantasy Romance, Slice Of Life,Yaio Notice --- Just Translation Description -လုလင်း( Lu Lin )သည် မြို့ကြီ...