Unicode..
ခြေသံတရှပ်ရှပ်ကို ကြားရပြီးနောက် တစ်စုံတစ်ခုနှင့်တိုက်မိသံကို ကြားလိုက်ရသည်။
" အမလေး!!"
* ကျွီ....... ဒုန်း
ခပ်ဟဟ ဖွင့်ထားသော တံခါးသည် တစ်စုံတစ်ရာ၏ ပယောဂကြောင့် တစ်ဖက်ခြမ်းသို့ အရှိန်နှင့် တိုက်သွားသည်။
တံခါးရိုက်ခတ်သံနှင့် ရွှန်းလသော်တာငယ်၏ အော်သံသည် တဆက်တည်းထွက်ပေါ်လာသည်။
ငယ် ကြောက်ရွံ့စွာ ကုတင်စွန်းသို့ တဖြေးဖြေး တိုးကပ်လိုက်သည်။
* ရှပ် ရှပ် ရှပ်
ပွင့်ဟသွားသော တံခါးမှ အရိပ်အယောင်မမြင်ရပဲ လမ်းလျှောက်သံ တရှပ်ရှပ်ကို ကြားနေရပြန်သည်။
ငယ်၏ အနားသို့ ခြေသံတို့က တဖြေးဖြေးတိုးကပ်လာပြီး..
လေပြင်းတစ်ချက်သည် ငယ် အနားသို့ တိုးဝှေ့သွားသည်။" ကလေး..."
နားနားကပ်ပြီး ခေါ်လိုက်သည့် အသံကြောင့် ငယ် အာခေါင်ခြစ်ပြီး အော်လိုက်သည်။
" မ ရေ အား..!!"
..
တစ်ဖက်အခန်းတွင် သူငယ်ချင်းနှင့် စကားပြောနေသော ဆူးရစ်သည် ငယ်၏ အော်သံကြောင့် အခန်းဆီသို့ ပြေးလာသည်။
" ငယ်လေး ငယ် ဘာဖြစ်လို့လဲ"
ဆူးရစ် အခန်းသို့ ရောက်တော့ ငယ်သည် နားနှစ်ဖက်ကို ပိတ်ကာ ခေါင်းငုံ့ထားသည်ကို တွေ့လိုက်ရသည်။
" ငယ် .."
ဆူးရစ် တုန်ရီစွာ ငယ့်ကို ခေါ်ပြီး အနားသွားကာ ပွေ့ဖက်ထားလိုက်သည်။
ရင်ခွင်ထဲဝင်ပြီး ငိုလာသော ငယ်သည် ဘယ်လောက်တောင် ကြောက်နေလိမ့်မလဲ..။" မ.. ငယ် ဒီမှာ မနေချင်တော့ဘူး အရမ်းကြောက်ဖို့ ကောင်းတယ်။ ခုနက နားနားကို ကပ်လာတာ အဟင့်.."
" တိတ်ပါ ကလေးရယ် တိတ်ပါ.."
* ဝေါ...ဝေါ ဖြန်း.. ဒုတ်
ရုတ်တရက်လေက အရှိန်အဟုန်ပြင်းပြင်းတိုက်လာပြီး တံခါးရွက်တို့သည်လည်း နံရံနှင့် ရိုက်ခတ်ကုန်သည်။
YOU ARE READING
လှမ်း၍သာလာလှည့်ပါ...(Complete)