Nineteen

269 22 4
                                    

ရက်အနည်းငယ်ကြာတဲ့အထိ သူ လင်းသစ်အား အဆက်အသွယ်ဖြတ်ထားခဲ့သည်။ လင်းသစ်ဖုန်းကို ဘလော့ထားသလို လင်းသစ်ပို့တဲ့စာတွေလည်း သူမဖတ်ဖြစ်။

သူ့လုပ်ရပ်က လူကြီးမဆန်တာသိပေမဲ့ ခွန်ရှင်းခန့် အဲ့သည့်လောက်ထိ အရေးမစိုက်နိုင်။
သူ့မှာ စံပယ်ချစ်သူရသွားလို့ ကောင်းကောင်းတောင်မကြေကွဲလိုက်ရဘူး ဂျုနီယာတစ်ယောက်ရဲ့အနမ်းကိုခံလိုက်ရပြီး တစ်ညလုံးအိပ်မပျော်ဖြစ်ခဲ့ရတာ။

အဲ့ကောင်လေးသူ့အပေါ်စိတ်ရင်းမှန်တာမမှန်တာတွေ မတွေးအား မျက်နှာချင်းဆိုင်ဖို့တောင် သူကြောက်သည်။

Ring Ring

ဖုန်းသံကြောင့် သူလန့်သွားသည်။ လင်းသစ်သူ့ကို ဖုန်းတွေဆက်တိုက်ခေါ်နေကတည်းက ဖုန်းသံကြားရင် သူ လန့်တက်လာတာဖြစ်သည်။

ယူကြည့်လိုက်တော့ ဇွဲရိပ်ရဲ့ဖုန်း။ သူ့ကို လင်းသစ်အကြောင်းပြောမလို့ ဆက်တာလားတွေးမိတော့ ထူပူလာသည်။

သူမကြားချင်တာအမှန်ဆိုတော့ ဖုန်းကိုမကိုင်လိုက်မိ။ စာတစ်စောင်ဝင်လာခဲ့သည်။

“အစ်ကိုခွန်၊ ကျွန်တော်အစ်ကို့အိမ်ရှေ့မှာ”

ဇွဲရိပ်က သူ့အိမ်ထိ ဘာလာလုပ်တာလဲတွေးရင်း ပြတင်းပေါက်ကနေ သူလှမ်းကြည့်လိုက်သည်။

သို့သော် အိမ်ရှေ့မှာရောက်နေတာက ဇွဲရိပ်မဟုတ်။ လင်းသစ်ဖြစ်ကာ ကားကိုမှီရင်း သူ့အိမ်ထဲကို စိုက်ကြည့်နေခဲ့သည်။
သူ့အခန်းက ထောင့်ဖက်ကျနေတာအပြင် အပင်တချို့ကာနေတော့ လင်းသစ်က သူ့ကိုမမြင်။

သူကတော့ ရင်တုန်ပန်းတုန်ဖြစ်နေတုန်း ဖုန်းကထပ်မြည်လာပြန်သည်။ သူ့ဖုန်းကိုဘလော့ခ်ထားလို့ ဇွဲရိပ်ဖုန်းကို ငှားလာတာလားလေ။

မကိုင်ဘဲထားလိုက်ပြီး လင်းသစ်ကို သူလှမ်းကြည့်နေလိုက်သည်။ ဖုန်းချပြီးတဲ့နောက် ရုတ်တရက်လင်းသစ်က နောက်ခန်းထဲက အထုပ်တချို့ကိုဆွဲကာ သူ့အိမ်ဆီလျှောက်လာနေတာမြင်လိုက်ရသည်။

ခေါင်းနပန်းကြီးကာ အခန်းထဲက သူပြေးထွက်ရတော့သည်။

“ဟေ့ကောင် ဘယ်သွားတာလဲ”

Min Nae Mha (Complete)Where stories live. Discover now