p - 5

842 49 5
                                    

Unicode ..

2037ခုနစ်/

ပထမဆုံး ကျောင်းစတက်ရမည့် နေ့ဖြစ်သော်လည်း ငယ်မှာ စိတ်မလှုပ်ရှားမိ။
တ‌စ္ဆေခြောက်ခံရသည်ထက်ပိုပြီး ဘယ်အရာကများ ငယ့်ကို စိတ်လှုပ်ရှားစေမှာလဲ..?

ဆူးရစ်သည် ငယ့်ကို စာသင်ခန်းထဲထိ လိုက်ပို့ပြီး အဆောင်ကို ပြန်လာလိုက်သည်။
ဒီအဆောင်နှင့် ပတ်သက်ပြီး ဆူးရစ် တစ်ခုခုသိရမှ ဖြစ်မည်။

computer ပေါ် ပြေးလွှားနေသော လက်တွေမှာ မြန်ဆန်လှသည်။
‌‌computer screen ထက်တွင် ကျောင်းဆောင် စတင်ဆောက်လုပ်ခဲ့စဉ်က ဓာတ်ပုံတွေ အစီအရီပေါ်လာသည်။
ခုနစ်တစ်ခုချင်းစီကို အသေးစိတ်လိုက်ကြည့်ပြီး ထူးခြားဖြစ်စဉ်ကို ရှာသည်။
ခုနစ်တွင် ကျောင်းပွဲတစ်ခုမှာရိုက်ထားသော ဓာတ်ပုံမှာ ထူးခြားချက်ကို သွားတွေ့သည်။
ဆရာမတွေချည်းရိုက်ထားသော ဓာတ်ပုံတစ်ခုတွင် အခြားသူတွေထက် ထင်လင်းနေသော
ဆရာမလေးတစ်ယောက်။
အနီရောင် ဝမ်းဆက်လေးနှင့် အသားအရည်က ဝင်းဝင်းလေး..။

ချောမောခြင်းအဖြာဖြာသည် ထိုအမျိုးသမီးအပေါ်မှာ ပေါင်းစုထားသလို။
သို့ပင်မယ့် မျက်ဝန်းတွေသည် အတိတ်တွေထဲ ပိတ်လှောင်နေသလိုပင်..။

ဆူးရစ် နောက် ခုနစ်တစ်ခုက ပုံတွေကို ကျော်ကြည့်လိုက်သည်။
တစ်နှစ်ပြီး တစ်နှစ်ကျော်ကြည့်သော်လည်း
ထိုဆရာမလေးကို မတွေ့တော့ပါ။ဓာတ်ပုံထဲက အခြားဆရာမတွေကို တွေ့သော်လည်းထိုဆရာမလေးမှာမူပျောက်ချင်မလှပျောက်နေသည်။

ဆက်ရှာသော်လည်း ပွဲအခန်းအနားနှင့် အခြားဓာတ်ပုံများကိုသာ တွေရသည်။
ဆူးရစ်လည်း computer ကို ပိတ်ပြီး ခုတင်ပေါ် လှဲလိုက်သည်။

အတွေးထဲတွင်..

' ပထမနှစ်တက်တုန်းက ဒီလောက်မဆိုးပါဘူး။ဒီနှစ်မှ ဘာလို့ ဆိုးလာရတာလည်း..
တော်သေးတာက နှစ်နှစ်ပဲ တက်ရလို့ ဟူး..
ငယ်ကို စိတ်မချဘူး။ငါက ဘာလို့ စိတ်မချဖြစ်နေရတာလည်း.. မနေ့ညက ရင်ခွင်ထဲ ဝင်လာတဲ့ ကိုယ်လုံးနွေးနွေးလေး။
ငါ့ရင်တွေ ခုန်နေတာပါလား?'

..

1991ခုနစ်/

"ပန်းဝတ်လွှာငုံဖူး!!"

လှမ်း၍သာလာလှည့်ပါ...(Complete)Where stories live. Discover now