Chapter 167- Edmond Dantés 38

2.6K 460 22
                                    

Unicode

" မျက်မှန်လေး!!  ဟိုက်ရန်!! မင်းမှာ အခု ကားရှိလား.. ငါနဲ့ လေဆိပ်လိုက်ခဲ့.. အခုချက်ချင်းနော်"
လန်ချောင်းက အလောတကြီးနှင့် ရှောင်းဟိုက်ရန်ကို လှမ်းခေါ်သည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်က အလယ်တန်းကျောင်းပြီးထားသူတစ်ယောက်ကို လိုက်ရှာရန် မလွယ်။ ကျောင်းဆရာဆရာမများရေးရာ ဒါရိုက်တာကြီးက မျက်မှန်ကြီးတပ်ရင်း ကျောင်းသားကျောင်းသူများနေရပ်လိပ်စာ စာအုပ်ကြီးကို ဖွင့်၍ ရှာနေသည်။ ထိုကျောင်းသားကို စာသင်ခဲ့ဖူးသော ကျောင်းဆရာတို့မှာ ပင်စင်ယူသွားတာတို့ ထွက်သွားတာတို့ပင် ဖြစ်ကြ၏။ ဒါရိုက်တာကြီးက အချိန်တစ်နာရီကျော်သည်အထိ ဖုန်းများလှည့်ပတ်ဆက်ကာ ရှာရသည်။ နောက်ဆုံးတွင်တော့ အဆိုပါကျောင်းသားကို သူကိုယ်တိုင် အဆက်အသွယ်ရလိုက်၏။ အချိန်က ညသန်းခေါင်ရောက်လုနီးပါးပင်။

အဆိုပါအနုပညာကျောင်းသားမှာ လေဆိပ်တွင်ရောက်နေကာ သူ့မိသားစုနှင့် ခရီးထွက်ရန် ပြင်ဆင်နေ၏။ လေယာဉ်က ညပိုင်းခရီးစဉ်ဟုဆိုသည်။

လန်ချောင်းနှင့် ရှောင်းဟိုက်ရန်တို့က ထိုအနုပညာကျောင်းသားနှင့် တွေ့ရန် စီစဉ်ထားသော McDonald's ဆိုင်သို့ ချီတက်ကြသည်။

ညသန်းခေါင်ကျော်နေသည့်အချိန်ဖြစ်၍ စားသောက်ဆိုင်ထဲတွင် ပင်ပန်းနွမ်းနယ်နေသည့် ခရီးသွားများနှင့် ပြည့်နှက်နေသည်။ အတော်လေးလဲ တိတ်ဆိတ်နေ၏။ တချို့သူများက အိတ်များကို ခေါင်းအုံးအဖြစ်သုံးကာ မျက်လုံးအနားပေးကြသည်။ နိုးနေကြသူများကလဲ တစ်ယောက်နှင့်တစ်ယောက် စကားမပြောကြ။ ဖုန်းကြည့်သူကြည့် လက်တော့ပ်ကြည့်သူ ကြည့်နှင့် အလုပ်များနေကြ၏။ ဖျတ်ခနဲကြည့်လိုက်ပါက လူမရှိသည့် နေရာဟုပင် ထင်ရသည်။ လန်ချောင်းအတင်းဆွဲခေါ်၍ လိုက်လာရသော ရှောင်းဟိုက်ရန်မှာ ခွေးတစ်ကောင်ကဲ့သို့ လျှာထွက်ကာ မောဟိုက်နေ၏။ ခြေလှမ်းများပင် သိပ်မမှန်ချင်တော့။ သူတို့အလောတကြီးသွားနေသည့်အတွက် ခြေလှမ်းသံများကျယ်လောင်နေရာ တစ်လမ်းလုံးမှ အနားယူနေသူများ ဒေါသတကြီး ဝိုင်းကြည့်သည်ကိုပင် ခံခဲ့ရသည်။ ထို့နောက် ထောင့်နားတွင်ထိုင်နေသော ယွီပင်း၏ ကျောင်းသားနှင့် တွေ့လေသည်။

တိတ်တဆိတ် မြတ်နိုးရသော ( မြန်မာဘာသာပြန်) - CompletedWhere stories live. Discover now