Chapter 104 - Verhovensky 14

3.6K 609 71
                                    

Unicode

​​လော့ဝမ့်ကျိုးတစ်ယောက် ကြောင်အစွာ လှည့်ကြည့်လိုက်တော့ ဘောင်းဘီအိတ်ထဲ လက်ထည့်ထားသော ဖေးတုက အခန်းထဲ လျှောက်လာသည်။ အဝတ်အစားကိုလဲ ကျောင်းသားပုံစံပေါက်အောင် ဝတ်ဆင်ထားပြီး ကျောင်းသားနှင့်တူအောင် စာအုပ်တစ်အုပ်ကိုပင် လက်မောင်းအောင်ထဲ ညှပ်ထားသေးသည်။ တံခါးဘောင်ကို လက်နှင့်ခေါက်ကာ ဖေးတုက မှုခင်းစုံစမ်းရေးတစ်ဖွဲ့လုံးကို ဝေ့ကြည့်လိုက်သည်။ သူ့ကို ကြောင်ကြည့်နေသော သူများအားလုံးကို ခေါင်းညိတ်ပြလိုက်၏။
" ကျွန်တော့်စားပွဲ အခုထိ ရှိသေးလားဗျ"

မှုခင်းစုံစမ်းရေးအဖွဲ့တွင် ဖေးတုရှိနေတာ မကြာသေးသော်လဲ သူတို့အားလုံးက ညသန်းခေါင်ကြီး ကြယ်ခြောက်ပွင့် ဟိုတယ်မှ ဘူဖေးတစ်ခုလုံး သူတို့အဖွဲ့ဆီ ရောက်လာသည်ကို မှတ်မိကြသည်။ ထို့အပြင် အဆုံးမရှိနိုင်သော အအေးများ မုန့်များ.. စွမ်းအားပြင်းသည့် သကြားရည်စိမ်ထားသော ကျည်ဆန်အောက်တွင် အဆိုပါရုပ်ချောချောကောင်လေးကို တွေ့လိုက်ရသည့်အတွက် သူတို့အားလုံး သွားရည်များကျလာကြသည်။

​လော့ဝမ့်ကျိုးက ပါးစပ်အဟောင်းသားနှင့်ရှိနေသော ဖေးတုနားဝိုင်းနေကြသော သူ့အဖွဲ့သားများကို အကြာကြီး စိုက်ကြည့်ပြီးမှ အသိစိတ်ပြန်ဝင်လာသည်။ အဲ့ဒါကြောင့်မို့ ဖေးတုက သူမနေ့က လာမကြိုခိုင်းတော့ ချက်ချင်းသဘောတူလိုက်တာကိုး...

ထောက်ရန်က အနောက်မှနေ၍ သူ့ပခုံးကိုဖွဖွပုတ်ကာ လော့ဝမ့်ကျိုးကို တိုးတိုးလေးပြော၏။
" မင်းတို့နှစ်ယောက် စိတ်လှုပ်ရှားစရာလေးတွေ ဖြစ်အောင် လုပ်နေကြတာလား"

လော့ဝမ့်ကျိုးက အံ့အားသင့်နေသော မျက်နှာအမူအရာကို ထိန်းချုပ်၍ အေးအေးဆေးဆေး ဖြစ်နေဟန်ဆောင်ကာ ထောက်ရန်ကို အဓိပ္ပါယ်ပါပါ ပြောလိုက်သည်။
" အာ.. မင်း... မင်းလို တစ်နေကုန်နေလို့တောင် မိန်းမရဖို့မပြောနဲ့ ဝတ်ဖို့စားဖို့ပဲ စဉ်းစားနေတာ..  မိန်းမယူရင်လဲ ရှေးရိုးစဉ်လာပဲ လုပ်မဲ့ကောင်ကများ စိတ်လှုပ်ရှားစရာတွေ ဘာတွေက မင်းနဲ့ ဘာဆိုင်လို့လဲ"

တိတ်တဆိတ် မြတ်နိုးရသော ( မြန်မာဘာသာပြန်) - CompletedWhere stories live. Discover now