[Unicode]
"ဂျီမင်!!"
"ဟာ...အမယူရီ နေကောင်းလားဗျ"
တီးလုံးသံနှင့်စကားပြောသံများ ပွက်ပွက်ဆူနေသော စားသောက်ဆိုင်တခုရှေ့သို့ သူတို့သားအဖရောက်လာသည်နှင့်အမယူရီမှထွက်ကြိုလာခြင်းဖြစ်သည်။
"ကောင်းပါ့ရှင်...လာ ဂျီမင်"
"ဆရာလဲ...အထဲကြွပါ"
အမယူရီက ဉီးဆောင်၍ စားသောက်ဆိုင်ထဲရှိကြိုတင်မှာကြားထားသော စားပွဲရှိရာသို့ သူတို့အားခေါ်ဆောင်သွားသည်။
"ယူရီ...ဘာလို့အများကြီးမှာထားရတာလဲ အဟွတ်!အဟွတ်!"
စားပွဲနားအရောက် မြင်လိုက်ရသော ပူပူနွေးနွေးအစားအသောက်များကိုကြည့်၍ ပါးပါးမှအမယူရီကို အားနာနေသည်။
"အိုးးးစားလို့ရပါတယ်ဆရာ အားမနာပါနဲ့...ဂျီမင်တခါတလေ လာလို့ကျွေးရတာပါ"
"ကျေးဇူးတင်ပါတယ်အမ"
သူဝါရှင်တန်ရောက်တာ သုံးရက်လောက်ရှိနေပြီဖြစ်ပေမဲ့ရောက်ကတည်းက အမယူရီနှင့်မတွေ့ရသေး။အမက အလုပ်ရူပ်နေ၍ သူ့အားလာမနူတ်ဆက်ရသည်ကို အားနာ၍ ခုညနေသူတို့အား ညနေစာဖိတ်ကျွေးလေသည်။
"စားပါဆရာ... ဂျီမင်လဲစား ဒီဆိုင်ကနာမည်ကြီးတွေထဲက တခုပဲ ယူရီကြိုတင်စာရင်းပေးထားလို့ရတာ"
"အဟင်း...ဒီကောင်ကျေးဇူးနဲ့ ခုလိုအစားအသောက်ကောင်းကောင်းကို စားရတော့ အဟမ်း! အလကားနဲ့ဒီကောင်ကိုကျေးဇူးတင်ရအုန်းမှာပေါ့"
"ကျေးဇူးတင်သင့်တာကိုတော့ တင်လိုက်လေပါးပါး တကယ်လဲကျနော့်ကြောင့်စားရတာပဲမဟုတ်လား"
"ဟားဟားဟား...အေးပါကွာ"
သားအဖနှစ်ယောက်အရွှမ်းဖောက်ကာ စနောက်နေကြပုံကိုကြည့်၍ ယူရီလဲလိုက်ရယ်မိသည်။သားအဖတတွေက အတူရှိရင်မတည့်ကျသလို့ ဝေးကွာနေကြရင်လဲ တယောက်နဲ့တယောက်မမေ့ အမြဲသတိတရရှိတတ်ကြသည်။
"ဂျီမင်က ဘယ်နှရက်နေမှာလဲ"
"ခုရောက်တာသုံးရက်ဆိုတော့ နောက်နှစ်..."
"၁၀ရက်လောက်တော့နေမှာပေါ့...ဟုတ်တယ်မလားသား ကျောင်းလဲပိတ်ထားတာပဲ"
YOU ARE READING
STOLE MY HEART
Fanfictionအချစ်ကြမ်းမကျေကြသေးသော သူများကြား တဖြည်းဖြည်းရစ်တွယ်လာမဲ့ သံယောဇဉ်တွေဟာ ဘယ်လောက်ထိခိုင်မြဲမယ်လို့ ထင်ကြပါသလဲ...