ရတုမောင် ညီသု့ပြောမဲ့ စကားအားရိပ်မိလိုက်ပြီမို့ ရယ်ချင်စိတ်ကို မနဲထိန်းရင်း ခေါင်းတစ်ချက်ညှိမ့်ပြခါ ပြော ဟူသည့်ဒီဇိုင်းနှင့် ပေစောင်းစောင်း ကြည့်လာသည်။
"တောင်း....တောင်းပန်ပါတယ်...မဖြစ်သင့်တဲ့ ကိစ္စမှန်းသိပေမဲ့ အဲ့နေ့က စိတ်မထိန်းနိုင်လို့ ဖြစ်သွားတာပါ အပြစ်ရှိသလို ခံစားရတာမို့ လာပြီးတောင်းပန်တာပါ..."
ခါးအားကွေးညွှတ်လို့ အကျယ်ကြီးအော်ပြောလိုက်တဲ့ ဤတောသားကြောင့် ရတုမောင် မျက်နှာကလေး လက်ဖဝါးဖြင့်အုပ်လို့ ထိုနေရာမှတောင် ထွက်ပြေးလာချင်မိသည်..။ ဘေးက ကြည့်လိုက်တဲ့ လူတွေဆိုတာများ အုံးစမုန်းကိုထလို့.. တချို့တလေက ရယ်နေကြသလို တချို့တလေက အံ့ဩမှင်သတ်နေကြသည်..။
သူတို့အံ့ဩချင်စရာကောင်းတာလည်းမပြောနဲ့လေ မျက်စိရှေ့က ဒန့်ဒလွန်သီးက ဘာတွေပြောလို့ပြောမှန်းမသိ..မသိရင် ဟိုဒင်းဟိုဟာဘဲ ပြုခဲ့ကြသလိုလို.. အထင်လွဲစရာကောင်းအောင် လုပ်ပြတဲ့နေရာမှာတော့ နှစ်ယောက်မရှိအောင် ဒင်းက တော်ပါသည်..။
ရတုမောင် ညီသု့လက်ကိုဆွဲလို့ ထိုနေရာမှသာ အမြန်ထွက်လာခဲ့လိုက်တော့သည်။
................................
"ချမ်းမြေ့နှင်းစံက ဒီနေ့ညနေအတွက် Blue-House မှာ dinner ချိတ်ထားပါတယ် ဥက္ကဠဦး.."
အတွင်းရေးမှူး နီနီ့ထံမှ စကားသံအချို့ထွက်ပေါ်လာသောအခါ ဟံသာဦး မျက်မှောင်တစ်ချက်ကျုတ်ပစ်လိုက်သည်..။
ချမ်းမြေ့နှင်းစံဆိုသည့် မိန်းကလေးဟာ ဦးမာန်ဓနရဲ့ ပိုးလိုဥထားတဲ့ သမီးအငယ်ဆုံးလေး.. အကယ်လို့သာ ဟံသာဦး ဦးမာန်ဓနရဲ့ တန်ဖိုးဖြတ်မရတဲ့ သမီးငယ်လေးကို သူထိကြည့်လိုက်လျှင် ဘာဖြစ်သွားမလဲဆိုတာ သိချင်လာမိသည်။
အဲ့တာကြောင့် အလုပ်ပြန်တက်သည့်ရက်ကတည်းက ဟံသာဦးမှာ သူ့အား စကားလမ်းဖောက်လို့ ရေလမ်းသွယ်နေသည့် ချမ်းမြေ့နှင်းစံအား သူ့ထောင်ခြောက်ထဲ ဝင်လာစေသည်အထိ ထိုင်စောင့်နေမိသည်..။
"နီနီ cancel လုပ်လိုက်ရမလား..."
"နေ နေ..ထားလိုက် ငါသွားမယ် ညနေ အချိန်ဇယားအတွက်ကိုသာ ကုမ္ပဏီက ကိုယ်စားလှယ်လွှတ်လိုက်.. "
ep.34
Start from the beginning