Chapter 1: ခင်ပွန်းသည်

Start from the beginning
                                    

ဟဲ့ရှောင်ယွင် တစ်ယောက် အဆမတန်မြန်လာသော သူ(မ) ၏နှလုံးခုန်သံကိုခံစားလိုက်မိသည်။

ယောင်းမဖြစ်သူကသူ(မ) အနားကပ်လာပြီး ထပ်ပြောသည်။ "မနေ့ကလေ...တစ်ချို့လူတွေက...ပြောနေကြတယ်...ရှောင်ကျန့်ကသူ့မိသားစုကိုသိပ်ဂရုစိုက်တယ်တဲ့...နင့်ရဲ့ကျန့်ဝေ့ကိုဘယ်သူမှယှဥ်နိုင်မှာမဟုတ်ဘူး...သူဒီကိုပြန်လာတော့အထူးလေ့ကျင့်ရေးရဲဘော်အနေနဲ့တာဝန် ထမ်းဆောင်ဖို့ ရွေးချယ်ခံလိုက်ရပေမဲ့...စပါးပြန်စိုက်နေသေးတယ်...သူဘာလို့အရမ်း အလုပ် ကြိုးစားနေရတာပါလိမ့်"။

ဟဲ့ရှောင်ယွင် မှာသတိလက်လွှတ်ဖြစ်သွားပြီး ယောင်းမဖြစ်သူ ဘာပြောသွားမှန်းမသိလိုက်ပေ။

ထို့ကြောင့်လက်လွတ်စပယ်ဖြင့် ခေါင်းသာတစ်သွင်သွင်ညိမ့်ပြလိုက်သည်။

တစ်ဖက်လူမှာ သူ(မ) အလောတကြီးအိမ်ပြန်ချင်နေသည်ဟု အထင်မှားသွားပုံရကာဟဲ့ရှောင်ယွင် အား စသလိုနောက်သလိုပြောလာသည်။

"အလိုက်မသိတဲ့ငါပါလားနော်...နင့်ကိုနားပူနားဆာလုပ်နေမိတယ်...အိမ်မြန်မြန်ပြန်တော့...

နောက်ကျမှငါနင့်အိမ်လာလည်ပြီးသကြားလုံးတွေလာတောင်းမယ်နော်"။

"ဟုတ်ကဲ့ပါ...ယောင်းမလေးသေချာပေါက်လာခဲ့နော်"။ စကားဆုံးသည်နှင့်ဟဲ့ရှောင်ယွင် တစ်ယောက်ဟန်ဆောင်ပြုံးပြုံးကာ ဒယီးဒယိုင်နှင့်အမြန်လှည့်ထွက်လာရာ ရွှံ့ဗွက်အိုင်များကိုမတော်တဆတက်နင်း

မိကုန်သည်။ အောက်သို့ငုံ့ကြည့်လိုက်ချိန်တွင် သူ(မ) ၏ခဲရောင်ပိတ်စသားဖိနပ်မှာ ရေထဲနှစ်နေပြီးရွှံ့များဖြင့်ပေကျံနေသည်။

သူ(မ) ၏အတိတ်ဘဝတွင်ဝင်ငွေရှာနိုင်သည့်အချိန်တည်းကဤသို့သောဖိနပ်မျိုးကိုတစ်ခါမှမဝတ်ဖူးခဲ့ချေ။

ကင်ဆာရောဂါဝေဒနာကသူ(မ) ၏အသက်ကိုနှုတ်ယူသွားခဲ့ပြီး ထူးခြားဆန်းကြယ်သောဘဝအသစ်တစ်ခုပေးခဲ့သည်။ယခုမူ သူ(မ) က ဝတ္ထုထဲရှိ ဇာတ်လိုက်၏မိခင်ဘဝသို့ရောက်နေလေပြီ။ ထိုဇာတ်ကောင်ကသူ(မ) အတွက်ဘာအထင်ကြီးစရာမှမရှိ။ သို့သော်ထူးဆန်းသည်က ဝတ္ထုထဲရှိဇာတ်ကောင်မှာ ယခင်ဘဝက သူ(မ) နှင့်နာမည်ရောမျိုးရိုးပါ တစ်ထပ်တည်းတူနေခြင်းဖြစ်သည်။

တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်းWhere stories live. Discover now