မိုးကုန်၍ဆောင်းရာသီဝင်စပြုလာပြီဖြစ်တာကြောင့် စစ်မင်းဟန် တို့ ဆောက်လုပ်ရေးလုပ်ငန်းတွေလည်း တောင်လိုပုံလာပြီဖြစ်သည်...တစ်နေ့အလုပ်တစ်နေ့မပျက်တာတွေများလာတာကြောင့် တစ်ချို့ရက်များတွင် စစ် အိမ်ပြန်မအိပ်ဖြစ်ပါ"အကိုလေး...ဒီနေ့ကောရုံးမှာအိပ်မှာလား"
အတွင်းရေးမှူးဖြစ်သူ ကိုစိုး ကမေးလာတော့
"အင်း ရုံးမှာပဲအိပ်ဖြစ်မယ်ထင်တယ် ရှော့ပင်းစင်တာပရောဂျက်ကို အပြတ်ဖြတ်ချင်လို့"
"ဟုတ်ကဲ့...ဒါပေမဲ့ အစ်ကိုလေးတစ်ယောက်ထဲအဆင်ပြေပါ့မလား
"ပြေပါတယ် ကိုစိုးဘာမျှစိတ်မပူဘဲ စိတ်ချလက်ချသာအိမ်ပြန်ပါ"
"ဟုတ်ကဲ့...ဒါဆိုကျွန်တော်ပြန်လိုက်တော့မယ်နော်"
"ဟုတ်ပြီ...ဂရုစိုက်ဦးနော်"
အတွင်းရေးမှူးဖြစ်သူ ကိုစိုးလည်းပြန်သွားပြီ၊ တစ်တိုက်လုံးမှာလည်း လုံခြုံရေးဝန်ထမ်းမှအပ အခြားဝန်ထမ်းတစ်ယောက်မှ ရှိတော့သည့်ဟန်မပေါ်၊ အချိန်ကိုကြည့်တော့လည်း ၇ နာရီ ခွဲနေပြီဖြစ်သည်
ညစာလည်းမစားရသေး မနေ့ညကလည်းအိမ်မပြန်ဖြစ်တော့ ဝတ်ထားတဲ့အင်္ကျီကိုမလဲရတာလည်း ၂ ရက်ရှိပြီ သို့ပေမဲ့ အလုပ်ကအရေးကြီးသည်ဖြစ်တာကြောင့်အလုပ်ကိုသာဆက်၍လုပ်နေလိုက်သည်
ထိုစဥ် ဖုန်းအစိမ်းတလုံးဝင်လာတော့
"ဟယ်လို စစ်မင်းဟန်ပြောနေပါတယ်"
"စစ်..."
ရင်းနှီးတဲ့အမျိုးသမီးတစ်ယောက်ရဲ့အသံ...တစ်သက်မမေ့နိုင်သေးတဲ့အသံ...
"ဖူးလား"
"စစ် ဖူးကိုကူညီပါဦး..."
ဖူးရဲ့ စကားသံတွေကတုန်ရီနေပြီး ငိုနေသည့်ဟန်ရှိသည်
"ဘာဖြစ်တာလည်း...ဖူးအခုဘယ်မှာလည်း"
"ဖူးမေမေ့ကို အကြွေးရှင်တွေဝိုင်းရိုက်လိုက်ကြလို့ ဖူးအခုဘာလုပ်ရမလဲမသိတော့ဘူး...အခုအိမ်ရှေ့မှာလည်း လူတွေရောက်နေကြတယ်...ကူညီပါဦး"
YOU ARE READING
အပြစ်အကြွေး (Our Fault)
Romanceမထင်မှတ်ပဲ ကြူးလွန်မိလိုက်တဲ့ အမှားတစ်ခုကြောင့် တစ်ယောက်ဘဝကိုတစ်ယောက်တာဝန်ယူလိုက်ရတဲ့အခါမှာ စစ်မင်းဟန် နဲ့ နွေမဒီ တို့နှစ်ယောက် သူတို့ရဲ့အပြစ်အကြွေးတွေကိုအပြန်အလှန်ဆပ်ရင်း သူတို့ရဲ့အိမ်ထောင်ကိုဘယ်လိုရှေ့ဆက်ကြမလဲ မထင္မွတ္ပဲ ၾကဴးလြန္မိလိုက္တဲ...