Part 11

1.9K 338 14
                                    


[Zawgyi]

မျက်လုံးပြန်ဖွင့်လိုက်သောအခါတွင် ကောင်းကင်သည် မှောင်လာပြီဖြစ်ကာ
ဖုယန် က သူ့ကို ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်လာသည်
" အလှလေး နိုးလာပြီလား?
မင်းအိပ်ပျော်နေတာ သုံးရက်ရှိပြီ "

ပိုင်ကျင်း သည် သူ့လက်များကို
ဆန့်ထုတ်လိုက်ပြီး သွက်လက်သော လှုပ်ရှားမှုများဖြင့် ဆေးဘက်ဆိုင်ရာအခန်းမှ ခုန်ဆင်းလိုက်သည်။
အခု ခုန်လိုက်ချိန်မှာပဲ
လေးလံတဲ့ ခန္ဓာကိုယ်ကနေ ခွဲထွက်သွားသလို အဆုံးမဲ့ ပေါ့ပါးမှုအပြည့်နဲ့ သူ့ခန္ဓာကိုယ်ထဲရှိကြီးမားတဲ့ပြောင်းလဲမှုကို ခံစားရတယ်။
သူ၏အာရုံခံစားမှုသည် အလွန်တိုးတက်နေပုံရသော်လည်း
ခဏတာတွင်း အတည်မပြုနိုင်ပေ။ brainကိုဖွင့်ကြည့်လိုက်တော့
ပိုင်ကျင်းသည် သူ့ရဲ့အခြေခံအချက်အလက်တွေ ပြောင်းလဲသွားတာကို တွေ့လိုက်ရသည်။
ID: 1053166247

နာမည်: ပိုင်ကျင်း

လိင်: ယောကျာ်းလေး

အသက်: 18

အဆင့်အတန်း: Galactic အင်ပါယာ၏နိုင်ငံသား

မျိုးရိုးဗီဇအဆင့်: C အဆင့် (ယခင် D အဆင့်)

ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်: A အဆင့် (ယခင် B အဆင့်)

စိတ်ပိုင်းဆိုင်ရာ ခွန်အားအဆင့်- A အဆင့်

ကျွမ်းကျင်မှုအမည်- မရှိ။

မျိုးရိုးဗီဇအဆင့်နှင့် ရုပ်ပိုင်းဆိုင်ရာအဆင့် နှစ်ခုစလုံးသည် အဆင့်တစ်ဆင့်တိုးလာသော်လည်း စိတ်ပိုင်းဆိုင်ရာအဆင့်မှာ မပြောင်းလဲသေးပေ။ ဒါက ပိုင်ကျင်း ထင်ထားတာနဲ့ အနည်းငယ် ကွဲပြားနေတယ်။
သူ၏အာရုံခံမှု တိုးလာခြင်းကို ရှင်းရှင်းလင်းလင်း ခံစားနိုင်နေသည်။

"ဂုဏ်ယူပါတယ်
မျိုးရိုးဗီဇယိုယွင်းမှု လုံးဝပျောက်ကင်းသွားပါပြီ အံ့သြစရာအကောင်းဆုံးကတော့ ကုသရေးလုပ်ငန်းစဉ်အတွင်း
မင်းရဲ့ခန္ဓာကိုယ်က
အမှန်တကယ်ပြောင်းလဲသွားပြီး
မင်းရဲ့မျိုးရိုးဗီဇနဲ့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအဆင့် မြှင့်တင်သွားတာလေ
ဒါက ရှားပါးတစ်ခုတည်းဖြစ်နိုင်ခြေပဲ"
ဖုယန် က သူ့နှာခေါင်းတံတားပေါ်
ရွှေရောင်မျက်မှန်ကို တွန်းတင်လိုက်ပြီး
"ကျတော့်ရဲ့ကုသပေးမှုအတွက် မင်းကျတော့်ကို ပွေ့ဖက်ချင်သေးလား" လို့ အပြုံးလေး မေးလိုက်တယ်။

ကူးပြောင်းပြီးနောက်နတ်ဘုရားအဆင့်ကျောက်လောင်းကစားသမားဖြစ်လာခြင်း(MMTranslation)Where stories live. Discover now