အခုဆိုရင် မင်းကြီးသတိပြန်မလည်သေးတာ 3ရက်ရှိသွားပြီ။ မိဖုရားဟာလဲ အခုထိရှာမတွေ့အောင်ကိုပုန်းခိုတဲ့နေရာမှာကျွမ်းကျင်လွန်းလှပေတယ်။ အဆိုးဆုံးကတော့ သူ့ကိုပါ Sana Unnie ကပါ ပြစ်ပယ်သွားတာပါ။ အဲ့နေ့ကမင်းကြီးဟာ မိဖုရားMyouiရဲ့စာက်ိုဖတ်ပြီး စိတ်ဒဏ်ရာရသွားကာချက်ချင်းပင်မေ့လဲကျသွားပါတော့တယ်။ Tzuyuထိုစာက်ိုဖတ်ကြည့်လိုက်တော့ သူ့ကိုပါမျက်ရည်ကျစေသည်။ မိဖုရားဘာရေးခဲ့လဲဆိုရင်တော့
မင်းကြီး
ကျွန်မကလေ ငယ်ငယ်ထဲကဘယ်အရာကိုမှတက်မက်မှုမထားတတ်ဘူး။ ဒါပေမဲ့ ကျွန်မမင်းကြီးက်ိုတော့ကျွန်မအပိုင်ပါလို့သတ်မှတ်ချင်တာ ကျွန်မအမှားလား။ မနေ့ကဆိုတာပြီးခဲ့ပြီလေ။မနက်ဖြန်ဆိုတာလဲမရောက်သေးဘူး ကျွန်မတို့မှာ ဒီနေ့ဆ်ိုတဲ့အရာပဲရှ်ိတာ ဒါကြောင့် ဒီနေ့မှာရရှိတဲ့ကျွန်မရဲ့ပျော်ရွှင်မှုတွေကလဲ မင်းကြီးကြောင့်ဖြစ်တည်လာတာမို့ ကျွန်မရဲ့အချစ်တွေကလဲမင်းကြီးတစ်ယောက်ထဲအတွက်ပဲဖြစ်တည်လာတယ်လ်ို့ပဲကျွန်မယုံကြည်မိခဲ့တယ်။ အဆိုးဆုံးကတော့ မင်းကြီးရဲ့နှလုံးသားက်ိုကျွန်မတစ်ယောက်ထဲပိုင်တယ်လို့ ယုံကြည်မိတာပဲ။ အရင်ကတော့လေ လောကကြီးကကျွန်မတို့ဖြစ်ချင်တာတွေမဖြစ်ရပဲ မဖြစ်ချင်တာတွေပဲဖြစ်နေရတယ်ဆိုတဲ့စကားက်ိုကျွန်မမယုံခဲ့ဘူး။ မယုံခဲ့အောင်လဲမင်းကြီးရဲ့အနားမှာကျွန်မနေနေခဲ့ရတာကို။ အခုကျတော့ကျွန်မအဲ့စကားကိုယုံဖို့အချိန်တန်ပြီထင်တယ်။ တောင်းပန်ပါတယ် ဆိုတဲ့စကားက်ိုလဲကျွန်မမလိုချင်ပါဘူး ဘာကြောင့်ဆ်ိုရင်လဲ ကျွန်မရဲ့မသိစိတ်ကလက်ခံလိုက်ပြီးမင်းကြီးအပေါ်ပြန်ပြီးမေတ္တာသက်ဝင်နေမိမှာဆိုးလို့ပါ။ ကျွန်မမင်းကြီးက်ိုဘယ်လောက်ချစ်မြတ်နိုးလဲဆ်ိုရင် နှိုင်းယှဉ်ပြစရာမရှိတော့တဲ့အထိပေါ့။ ကျွန်မအပေါ်ဒီလောက်ကြီးကျတော့လဲ ရက်စက်လွန်းကြီးလိုက်တာ မင်းကြီးရယ်။ မင်းကြီးကြောင့် ကျွန်မညတိုင်းအိပ်မက်ဆိုးတွေနဲ့နိုးထရတော့မယ်ထင်တယ်။ နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ ကျေးဇူးပြုပြီးကျွန်မက်ိုလိုက်မရှာပါနဲ့။