91. မင်းသားရှောင်က မီးလောင်ကျွမ်းမှုကို စောင့်ကြည့်သည်

72 9 0
                                    

"အရှင်မင်းသား ပြောတာမှန်ပါတယ်၊ မြို့တော်ဝန်ရဲ့ အိမ်တော်က လက်ထောက်ဟာ ရန်မင်းသားရဲ့လူ အမှန်ပဲ၊ သူက မင်းသားရဲ့လုပ်ငန်းကို လူသိရှင်ကြားဖြစ်အောင် ပြင်းပြင်းထန်ထန် အားထုတ်နေတာပဲ၊ ဧကရာဇ်မင်းကြားတဲ့ ကောလဟာလတွေကိုလည်း မင်းသားရန်က ပေးပို့ခဲ့တာ ဟုတ်ပါတယ်။  ဧကရာဇ်မင်းရဲ့ ကိုယ်ရံတော်အချို့ကလည်း မင်းသားရန်ရဲ လူတွေဖြစ်နေတယ် ။ ဒီအထဲမှာ အစောင့်အကြပ်ရဲ့ လက်ထောက်ညွှန်ကြားရေးမှူးဟာ မင်းသားရန်ရဲ့လူဖြစ်ပြီးး သူ့ရဲ့ ရာထူးက တစ်နှစ်သာ ရှိပါသေးတယ်။  အပေါ်ယံမှာ မင်းသားရန် နဲ့ ဘာမှမဆိုင်ဘူးလို့ ထင်ရပေမဲ့ သူ့အမေက မင်းသားရန်ရဲ့ နန်နီရဲ့ ညီမလေးဖြစ်ကြောင်း စေ့စေ့စပ်စပ်စစ်ဆေးပြီးမှ သိလိုက်ရတယ်။ သေချာစစ်ဆေးကြည့်လိုက်တော့ နောက်ကွယ်မှာ မင်းသားရန် ရှိနေတာကို သိရပါတယ် "

ဘဏ္ဍစိုးဝမ်က သူသိထားတဲ့ အချက်အလက်ကို လေးစားစွာ တင်ပြခဲ့ပါတယ်။ 

" ဧကရာဇ်မင်းရဲ့ အစောင့်အကြပ် လက်ထောက်က တော်တယ် ၊ သူ့ရာထူးက ပဉ္စမတန်း ရာထူးဖြစ်ပြီး သူ့ကို လက်နက်တွေလည်း အပ်ထားတယ် ... "

ပျင်းရိတဲ့ အသံက လှောင်ပြောင်နေပုံရတယ်။ သူ့အသံက တိတ်သွားပြီး ရုတ်တရက် ကျယ်လောင်စွာ ပြောလိုက်သည်

"ချင်းမင်း ကောင်းကောင်းလုပ်ပါစေ၊ အခွင့်အရေးရရင် သူ့စစ်မှုထမ်းတွေအတွက် ဆုချီးမြှင့်ပြီး ဧကရာဇ်မင်းရဲ့ အစောင့်တွေနဲ့ ပူးပေါင်းပြီး လက်ထောက်ကို သေချာစစ်ဆေးကြည့်ရအောင်။ သူတို့ ဘယ်လောက် အရေးမပါနေပါစေ အရာအားလုံးကို သတင်းပို့ပါ ။ ငါ့အတွက် အရေးကြီးတဲ့အသေးစိတ်အချက်အလက်တွေကို ရွေးထုတ်လိုက်ပါ။ "

"အမိန့်ရှိပါ ၊ ကျုပ်သေချာရွေးလိုက်ပါ့မယ် ၊ ပြီးတော့ ဘုရင်မင်းမြတ်ရဲ့ အနီးနားရှိ အရာရှိများက မကြာသေးမီက နေရာအနှံ့ ပြောင်းရွှေ့ခဲ့တယ် ။ အဝေးမှာအမြဲအခြေချနေထိုင်ခဲ့ကြတဲ့ ရှိန်း နဲ့ ယု မိသားစုအားလုံးက ဒီကိုပြောင်းလာခဲ့ပါပြီ။  ယုမိသားစုက သူမကို စွဲလမ်းလွန်းတဲ့ ဥပဒေရေးရာဝန်ကြီးထံ အလှတရားတစ်ခုတောင် ပေးလိုက်တယ်လို့ ဆိုကြပါတယ်။  သူက ယုမိသားစုနှင့် အလွန်ရင်းနှီးတယ် ။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now