အပိုင်း(69.2)

1.3K 138 3
                                    

(69.2)

ယန်မင်းဟာ တစ်နှစ်နီးပါး ဂျင်းဆင်း တွေ စားခဲ့ ပြီးသား ဖြစ်လေတယ်။ သူမရဲ့ ရောဂါ က အပြင်ပိုင်းမှာတော့ ပိုကောင်းမွန်လာတာ မှန်ပေမယ့် အတွင်းပိုင်းထဲက တစ်ချို့ အရာတွေ ကတော့ ပြန်လည်ကောင်းမွန် လာစေဖို့ရာ မလွယ်ပေ။

ပင်း က တစ်ခါတစ်လေ ဆိုရင် နောင်တ ရနေတက်တယ်။ အဲ့အချိန်တုံး က သူက ငယ်ရွယ်လွန်းပြီးတော့ အရမ်းလျစ်လျု ရှုမိခဲ့တယ်။ အဲ့တုံးက ယန်မင်းကို နှင်းတောင်ပေါ် သွားတာ တားခဲ့မိသင့်တယ်။ အခုတော့ သူတို့ ကံ ကြမ္မာ ရေစီးအတိုင်း လိုက်ဖို့ပဲ ကျန်တော့လေတယ်။

'' ဒီအချိန်မှာ အအေးဆေးပင် နှစ်ခု နဲ့ ဂျင်ဆင်း ၅ ခုသာ ယူသွားပါ။ မင်းအဲ့တာတွေနဲ့ ကြိုက်ရာကို လဲလှယ်နိုင်တယ်။ ဒါပေမယ့် မင်း လဲမယ့် အရာရဲ့ တန်ဖိုးက မနှစ်က ငါတို့ ယူလာတဲ့ အရာရဲ့ တန်ကြေး ကို ကိုယ်စားပြုတာကြောင့် ညီမျှတာ ကိုပဲ ရွေးချယ်ပါ ''

'' ငါသိပြီ''

ပင်းက ခေါင်းငြိမ့်လိုက်တယ်။ မနှစ်က ချီဟန် ညှိနှိုင်း ခဲ့တဲ့ မှတ်ဉာဏ်တွေက အခုချိန်ထိ လက်လက်ဆက်ဆက် ရှိနေဆဲ ပါပဲ။

'' ငါက ကြိုတင်နမိတ်ဖက် တာနဲ့ ပတ်သက်ပြီး တော့ စိုးရိမ်နေဆဲပဲ။ ပိုင် ကို ဦးဆောင်ခိုင်း ပြီးတော့ မျိုးနွယ်ထဲက လူတွေကို ငါတို့ရဲ့ ရေကန်ဆီ ခေါ်သွားပြီး ရေကူးသင်ခိုင်းလိုက်ပါ။ တကယ်လို့ အနာဂတ် မှာ သူတို့ ရေထဲကို ပြုတ်ကျ သွားရင်တောင်မှ ပဲ သူတို့ အသက်ဆက်ရှင်ဖို့ မျှော်လင့်ချက်လေး ရှိနေအုံးမယ်။ ''

ချီဟန်က အစ ကတော့ သားပေါက်လေးတွေကို အရင်ဆုံး ရေကူးသင်ခိုင်းဖို့ စီစဥ်ထားတာ ဖြစ်လေတယ်။ ဒါပေမယ့် အခုတော့ သားရဲလူသားကြီး တွေကိုပဲ စပြီး ရေကူးသင်ခိုင်းတာ က ပိုကောင်းမယ် ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ မိသားစု တစ်ခုလုံး ရဲ့ တာဝန်က သားရဲလူသားကြီးတွေ ပုခုံးပေါ်မှာ ထမ်းထား ရလို့ပဲ ဖြစ်တယ်။

'' တိုက်ကွန်းခ် မြစ် ရေကြီးတုံးက မြစ်ရေပြင် က မြင့်တက်လာပြီးတော့ မိကျောင်းတွေလဲ အပေါ်ကို တက်လာခဲ့ ကြတယ်။ ဒါကြောင့် ကန်ထဲကို မိကျောင်းရှင်းလင်းရေး လုပ်ဖို့ အရင်လုပ်ရမယ်။ မတော်တဆ လူတွေကို နာကျင်စေမိရင် မကောင်းဘူး ''

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now