အပိုင်း (66.1)

1.4K 143 4
                                    

(66.1)

ကမ်းခြေက နေပြန်လာတဲ့ လမ်းမှာ ကုန်တွေအပြည့် ပြန်သယ်လာနိုင်ခဲ့လေတယ်။ သကြားမုန်လာ နဲ့ ခါးတဲ့ အသီးအရွက်ရဲ့ အစေ့တွေ အများကြီး အပြင် ညလင်း ပုလဲ ၅ ခု ပြန်ပါလာခဲ့တယ်။

တစ်ခု က ပင်းကို ပေးခဲ့ ပြီးတော့ နောက်တစ်ခု ကတော့ ချီဟန်အတွက် ပဲပေါ့။ ကျန်တဲ့ ၃ ခု ကတော့ မျိုးနွယ်စု ဘဏ္ဏာ အဖြစ် ယူထားပြီးတော့ အနာဂတ်မှာ ကောင်းမွန်စွာ ဆောင်ရွက် နိုင်သူကို ဆု အဖြစ် ချီးမြင့် မှာ ပဲ ဖြစ်လေတယ်။

ယန်မင်း က မျိုးနွယ်စု စုန်းမ အိပ်ခန်းထဲကနေ ရတနာကျောက်မြတ်တွေနဲ့ လုပ်ထားတဲ့ လက်ကောက် အတွဲလိုက်ကို ကောက်ယူလိုက်တယ်။ ယန်မင်း က ကောင်းမွန်တဲ့ အမြင်ရှိလေတယ်။ အဲ့လက်ကောက်ထဲက ကျောက်မြတ် တစ်ခု စီ တိုင်းက လင်းထိန်တောက်ပ နေတယ်လေ။ ပြီးတော့ ယန်မင်း က ချန်ရှီးလေး ကို အထူးကောင်းမွန်တဲ့ ကျိုင်းအသေးလေး ကိုလည်း ရွေးကူ ပေးခဲ့တယ်။

သေးငယ်တဲ့ ရတနာကျိုင်းလေး အပေါ်ထပ်မှာ ကြက်ဥ အရွယ်ရှိတဲ့ အနီရောင် ကျောက်တုံးလေး တပ်ဆင်ထားပြီးတော့ သွေးတွေ စီးကျနေသလိုပါပဲ။ အောက်ခြေကိုတော့ လှပတဲ့ ရောင်စုံ ကျောက်တုံးတွေနဲ့ အလှဆင်ထားလေတယ်။  မျိုးနွယ်စု စုန်းမရဲ့ မဲမှောင်နေတဲ့ စိတ်ဓာတ်ကျချင်စရာ မျက်နှာကြီးကို တွေ့တာ နဲ့တင် ထို နှစ်ခု က အရမ်း ရှားပါးတယ် ဆိုတာ ကို သိနိုင်လေတယ်။

ချီဟန်ကလည်း အဲ့ မျက်နှာကြီးကို မမြင်ချင်ယောင်ဆောင်ကာ နောက်ထပ် အအေးဆေးပင်ကို ထပ်ရှာလိုက်ပြီးတော့ ပင်လယ်မျိုးနွယ်စု စုန်းမကို ပေးလိုက်လေတယ်။

ပင်လယ်မျိုးနွယ်စု စုန်းမရဲ့ အမူအရာ က ပိုပြီးတော့ ကောင်းမွန်လာတယ်။ ဘာလို့လဲ ဆိုတော့ ချီဟန်က နောက်တစ်ခုကို သူ့အား ဘာစျေးမှ မညှိနှိုင်းပဲ ပေးလိုက်တာကြောင့် ဖြစ်လေတယ်။

ပင်လယ်မျိုးနွယ်စု စုန်းမ က ချီဟန်ရဲ့ စျေးမညှိမှုအတွက် သိပ်ပြီး အဖိုးမတန်တဲ့ ပုလဲတွေကို ပေးခဲ့ပြီးတော့ ချီဟန်ကလည်း အဲ့တာကို ပြန်ယူသွားကာ ဒီနှစ်သူနဲ့အတူ လိုက်ပါလာတဲ့ သားရဲလူသားတွေ ​ကို ပေးဖို့ အစီအစဉ် ချခဲ့လေတယ်။

တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!Where stories live. Discover now