(54. 2)
ပင်းက အဲ့အပင်ကို သေသေချာချာလေး တူးခဲ့ ရတယ်။ ဘာလို့လဲ ဆိုတော့ သူ့ရဲ့ အရပ်တစ်ဝက်လောက် နီးပါး မြင့်နေတဲ့ အပင်ရဲ့ အမြစ် က အရင်က ထင်နေသလို မျိုး ဟုတ်မနေပဲ လူအရပ်တစ်ဝက် ကျော်လောက်ထိ ရှိနေခဲ့တာ ပဲ ဖြစ်လေတယ်။ ထိုအပင်ကို သေချာ ကြည့်မယ် ဆိုရင် အဲ့အပင် ရဲ့ အမြစ်က ကိုင်း နှစ်ခု ကွဲဖြာ ထွက်နေတာ က ဂျင်ဆင်း အပင်ရဲ့ လူသား ပုံစံ နဲ့တောင် ထင်ရလေတယ်။
( အပင်လေးကို မှ ခြေထောက် နှစ်ခု ပုံစံအမြစ် ကွဲနေတာ ကွာ)
ချီဟန် က ဒီလောက် ကြီးတဲ့ဂျင် ဆင်းကို ပထမ ဆုံး အနေနဲ့ တွေ့ဘူးတာ ပဲ ဖြစ်လေတယ်။ သူဟာ အဲ့ ဂျင်ဆင်း ပင် က သူ့ရဲ့ မူလကမ္ဘာမှ ဂျင်ဆင်းနဲ့ မျိုးစိတ် တူတယ် ဆိုတာ ကို ဘယ်လိုမှ မယုံကြည်နိုင်ပါပေ။
'' ရွှမ်း နဲ့ ယွဲ့ မင်းတို့ က ပျံသန်း သွားပြီးတော့ ဒီအနီးအနား တစ်ဝှိက် မှာ တစ်ခြား ဂျင်ဆင်းတွေ ရှိနေသလား ဆိုတာ ကို သွားရှာချည် ''
'' ကောင်းပြီ ''
ပုံစံနဲ့ အရွယ်အစား ကို ကိုယ်တိုင်ကိုယ်ကျ မြင်ဘူး သွားပြီ ဖြစ်တဲ့ အတွက်ကြောင့် သူတို့ က အများကြီး ကို လျင်လျင်မြန်မြန် ပိုပြီးတော့ ရှာတွေ့လာခဲ့ရလေတယ်။ လောင်ရှန်း က တကယ်ကို ရတနာတွေနဲ့ ပြည့်နေတဲ့ တောင်တန်းကြီး ပဲ ဖြစ်လေတယ်။ ဒီလောက်သေးငယ်တဲ့ ဧရိယာမှာ တောင်မှပဲ ဂျင်ဆင်း ပင် ၈ ပင်လောက်ကို တွေ့ခဲ့ ရတယ်လေ။
'' ကောင်းပြီ။ အရင်ဆုံး ဒါတွေကို အမြန်တူးသွား ကြတာပေါ့။ ပြီးတော့ ပြန်သွားပြီးတော့ ဘယ်လိုဆေးစွမ်း ရှိမယ်ဆိုတာ ကို အရင်ဆုံး ပြန်စမ်း ကြည့်ကြစို့ ''
တကယ်လို့ အဲ့တာ ရဲ့ အကျိုးသက်ရောက် မှု က မူလ ဂျင်ဆင်းနဲ့ ကွဲပြား နေတယ်ဆိုရင် သူတို့ တူးလာ သမျှတွေ အကုန်လုံး က အသုံးမဝင် ပဲ ဖြစ်သွားမှာပေါ့။
'' ကောင်းပြီ ''
ပင်း က အရမ်းကို စိတ်လှုပ်ရှား နေခဲ့တယ်။ သူက နောက်ဆုံးမှာတော့ ဒဏ္ဏာရီလာ ဆေးပင်ကို ရှာတွေ့ သွားခဲ့ ပြီလေ။ ယန်မင်းကို အခုတော့ ကယ်ဆယ် နိုင်တော့မယ်။
YOU ARE READING
တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မယ်!
Randomအပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ ကိုယ်လည်း ကြိုက်လို့ ပြန်တာပါ ။ တစ်ပတ်တစ်ပိုင်း Wed တိုင်း တင်ပါ့မယ်။ ဒါက ဘာသာပြန်ပါ။ English Name...