Unicode ▪︎▪︎▪︎▪︎
Ep 11🐉
သူ့မွေးစားဖခင်က နှလုံးသားရယ်ဆိုတာမရှိတဲ့ သွေးအေးမိစ္ဆာကောင်ကြီးပင်။ ဒီလူဟာ သူ့စိတ်စေရာအတိုင်းနေထိုင်တဲ့သူမျိုးပင်။ ဒီနေ့မှာ ပေါင်မုန့်ပေးပေမယ့် နောက်နေ့ကျ သတ်ချင်သတ်မည်ဆိုတာမျိုး။ ဒီလူ့အာဏာစက်ကနေလွတ်ကာ မိဘတွေဆီပြန်နိုင်ဖို့ဆို သူမြန်မြန် အရွယ်ရောက်အောင် ကြိုးစားရမယ်ဆိုတာ သိလေသည်။
အတင်းအကျပ်သားအဖတော်စပ်ခံရလိုက်ရကတည်းက သူ့သွားတွေကို တင်းတင်းကြိတ်ကာ ရှန်းမင်စီစဥ်ပေးသမျှ လက်ခံပေးရုံကလွဲ ဘာမှမလုပ်နိုင်တော့။ တချိန်တည်းမှာပင်
ရှန်းမင်အပေါ်သူ့ရဲ့ပုန်ကန်လိုစိတ်ကလည်း တဖြည်းဖြည်းပြင်းထန်လာလေသည်။ရှန်းမင်အမြဲသင်ပေးတဲ့အရာက အင်အားကြီးသူကသာလျှင် အလိုရှိရာကို လုပ်နိုင်ပြီး အင်အားနည်းသူကတော့ သူများပြုသမျှခံရမည်ဟုသာ။ ကလေးလေးရဲ့စိတ်ထဲ တစ်ခါတစ်ရံတော့တွေးမိတယ်၊ အကယ်၍များတစ်နေ့မှာ သူကရှန်းမင်ကိုနိုင်သွားမယ်ဆို အတုံ့အလှည့်အနေနဲ့ သူ့ကို ပြန်ထိန်းချုပ်လို့ရမလား၊ အစာမကျွေးပဲနေလို့ရောရမလား။ သူ့ကိုလည်း ထရိန်နင်တွေ အများကြီးဆင်းခိုင်းပြီး နံစော်နေတဲ့ဖိနပ်နဲ့ ခြေအိတ်တွေကို ပြန်လျှော်ခိုင်းမယ်လေ။
'ရှန်းမင်ကအနိုင်ကျင့်သလိုမျိုး ရှန်းမင်ကို ပြန်အနိုင်ကျင့်မယ်' ဆိုတာက အိမ်ပြန်ချင်တယ်ဆိုတာအပြင် ကလေးအတွက် နောက်ထပ် အထောက်အပံ့တစ်ခုဖြစ်သွားခဲ့တယ်။
ယခုမစ်ရှင်မှာတော့ သူတို့ကြေးစားအဖွဲ့တွင် လူ၃၀ လိုက်ပါလာသည်။ ယခင်မစ်ရှင်မှာ သေဆုံးသွားသူ ၃ဦးကလွဲ ကား၈စီးတိတ်ယူဆောင်ခဲ့ကြသည်။ ရှန်ချန်းဇယ်အပြင် ရှန်းမင်ကားပေါ်တွင် ဂျော့ဘ်၊ ဒိုင်နိုနဲ့ ပဲလ်လည်း ပါလာခဲ့သည်။
ဂျော့ဘ်ကကားမောင်းနေရင် ကျန်လူတွေက လုပ်စရာမရှိတော့ ကလေးစာလေ့လာတာကိုသာ ကြီးကြပ်ပေးကြသည်။သူတို့ရဲ့ကြမ်းတမ်းလှတဲ့ ယာဥ်တန်းက မျက်စိဖမ်းစားစရာဖြစ်နေတာမို့လို့ လူသွားများတဲ့လမ်းကိုရှောင်ကာ လူသူအရောက်နည်းပြီးချောင်ကျတဲ့ လမ်းကနေသွားတာမို့ တစ်ခါတရံဆို ချိုင့်ခွက်တွေ၊ ညစ်ပေနေတဲ့လမ်းပေါ် ဖြတ်မောင်းရပြီးနောက် ထိုတနေ့တာပြီးလို့ကားပေါ်ကဆင်းလိုက်တာနှင့် သူတို့အရိုးတွေက ဆွဲဖြဲခံလိုက်ရသလို အစိတ်စိတ်အမွှာမွှာတောင် ဖြစ်မတတ်ပင်။