[Unicode]
ဒီဇင်ဘာ 29ရက်....။
"စိတ်မလှုပ်ရှားနဲ့နော်"
"အင်း"
"ဒီကန်လန်ကာအနောက်မှာ ငါစောင့်နေမယ်သိလား"
"အင်း"
သူ့မှာသာ အမျိုးမျိုးနှစ်သိမ့်နေသော်လဲ နှစ်သိမ့်ခံရသူက အင်းတလုံးသာလိုက်၍ လက်ဖဝါးချင်းဆုပ်နှယ်ကာ ခပ်ထူထူအောက်နူတ်ခမ်းကိုကိုက်ရင်း စိတ်အလွန်လှုပ်ရှားမှုကို မနည်းတည်ငြိမ်အောင် ကြိုးစားယူနေသည်။
တကယ်တော့ ဒီနေ့ဟာ ဂျီမင်တို့ရဲ့ Fall semester အတွက်ဖျော်ဖြေရမည့် နောက်ဆုံးနေ့ပင်ဖြစ်သည်။ဒါပြီးလျှင် သူတို့ကျောင်းပိတ်တော့မည်။ တခြားသော ဘာသာရပ်များကိုရှေ့ရက်များမှာ အောင်မြင်စွာဖြေဆိုပြီး၍ ခုနောက်ဆုံးရက်တွင် ဂျီမင်အမျိုးသမီးဇာတ်ဆောင်နေရာမှဝင်ကရမည့် The rest shoesဖျော်ဖြေရမည့်နေ့ပင်ဖြစ်သည်။
"လာ ဂျီမင်"
ဒီလိုစိတ်လှုပ်ရှားနေပုံနဲ့စင်ပေါ်တတ် ဘယ်လိုကမလဲ...။
"ဘယ်လဲ ငါအဝတ်လဲရတော့မယ် အချိန်နီးနေပြီ"
ဂျီမင်က သူ့လက်သူပြန်ဆွဲထားကာ အချိန်နီးကပ်နေကြောင်းပြန်ချေပလျှင် ထယ်ယောင်း မျက်မှောင်ကုတ်သွားရသည်။
"မကြာဘူး ခဏပဲလိုက်ခဲ့"
ထယ်ယောင်းသည် ပြောလဲပြော ဂျီမင်လက်ကိုဆောင့်ဆွဲကာ ကျောင်းခန်းမကြီးနံဘေး ခပ်မှောင်မှောင်လှေကားထောင့်ကို ဆွဲခေါ်လာခဲ့သည်။
"ဘာ ဘာပြောမလို့လဲ"
လှေကားကွယ်နေ၍ သူတို့အားမည်သူမှမမြင်နိုင်သည့်အပြင် ကျဉ်းကျဉ်းကျူတ်ကျူတ်နေရာတွင် လူ၂ယောက်နီးကပ်နေ၍ စောစောကစင်ပေါ်တတ်ရန် လူပ်ရှားနေသောစိတ်က ကွယ်ပျောက်ကာ တဒိတ်ဒိတ်ရင်ခုန်လာရသည်။
"ငါ့ကိုကြည့် ဂျီမင်"
ထယ်ယောင်းသည် သူ့လက်ဖဝါးနှစ်ဖက်ဖြင် ဂျီမင်မျက်နှာကိုအုပ်မိုးဆွဲမော့ကာ သူ့အားကြည့်စေသည်။
"မင်း ဖျော်ဖြေနိုင်သည်ဖြစ်စေ မဖျော်ဖြေနိုင်သည်ဖြစ်စေ မင်းဘက်မှာ ငါအမြဲတမ်းရှိနေမယ်။ ဒီကိစ္စမှမဟုတ်ဘူး ဘယ်ကိစ္စမဆို မင်းဘက်မှာငါအမြဲရှိပြီးအားပေးနေမယ် ကြားလားဂျီမင်"
YOU ARE READING
STOLE MY HEART
Fanfictionအချစ်ကြမ်းမကျေကြသေးသော သူများကြား တဖြည်းဖြည်းရစ်တွယ်လာမဲ့ သံယောဇဉ်တွေဟာ ဘယ်လောက်ထိခိုင်မြဲမယ်လို့ ထင်ကြပါသလဲ...